Our Town
Our Town (2007) IMDb Rating (6.7) ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Parasite မင်းသားကြီး Lee Sun-kyun ရဲ့ အစောပိုင်းလက်ရာတွေထဲကမှ Thriller, Mystery ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ The Man of the Vineyard ထဲမှာ မင်းသား Oh Man-Seok နဲ့ God's Quiz ထဲမှ မင်းသား Ryu Deok-Hwan တို့လည်း အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင် အားဖြည့်ပေးထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း အေးချမ်းသာယာလှပါတယ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ အမျိုးသမီးတွေကိုသာ ပစ်မှတ်ထားပြီး ရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိတဲ့ ကွင်းဆက်လူသတ်သမား တစ်ယောက်ကြောင့် တစ်မြို့လုံး အထိတ်ထိတ် အလန့်လန့်နဲ့ပေါ့။ အဲဒီမြို့လေးက ဂယောင်းဂျူကတော့ စိတ်ကူးယဉ် လူသတ်မှုအကြောင်းအရာတွေကို အဓိကထားရေးသားပေမဲ့ မအောင်မြင်သေးတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ပြီး ဂယောင်းဂျူရဲ့ ငယ်သူငယ်ချင်းဖြစ်သူ ဂျယ်ရှင်းကတော့ မြို့ထဲကကွင်းဆက်လူသတ်မှုကို အသည်းအသန် လိုက်လံစုံစမ်းနေရတဲ့ ပါးနပ်ထက်မြက်တဲ့ စုံထောက်တစ်ယောက်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ မြို့ထဲမှာ ပုံစံတူလူသတ်မှုတစ်ခု ထပ်မံဖြစ်ပွါးခဲ့ပြီး ပါးနပ်တဲ့ဂျယ်ရှင်းကတော့ ဒီအမှုဟာ ကွင်းဆက်လူသတ်သမား လက်ချက်မဟုတ်ဘဲ အတုခိုးထားတဲ့ လူသတ်မှုတစ်ခုဖြစ်တယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရပါတယ်။ လှည့်ကွက်တွေ ပြည့်နှက်နေတဲ့ ဒီဇာတ်လမ်းထဲမှာ ကွင်းဆက်လူသတ်သမားအစစ်၊ သူ့ကိုတုပတဲ့သူနဲ့ သူတို့ကို လိုက်ဖမ်းရမယ့် စုံထောက်တို့ကြားက mind game တွေ တကယ့်ကွင်းဆက်လူသတ်သမားအစစ်က ဘယ်သူလဲ... သူတို့ကြားထဲမှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ Crime-Thriller ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်တတ်တဲ့ ပရိသတ်တွေအတွက်တော့ ဇာတ်ရှိန်တက်တက်နဲ့ ဆွဲခေါ်သွားမယ့် ရုပ်ရှင်ဟောင်းကောင်းလေးတစ်ကားဖြစ်လို့ လုံးဝလက်မလွှတ်သင့်ပါဘူးနော်။ File Size : 1.31GB/ 930MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 53m Genre : Crime, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း