ဇာတ်ကားများ ရွေးရန်

Love Phobia

2006ဇာတ်ကားအမှတ် 6.8/10117 မိနစ်

Love Phobia (2006) IMDb Rating (6.8) အခုတစ်ခါမှာတော့ The East Palace မှ မင်းကြီး Cho Seung Woo နှင့် Jugglers မှ မင်းသမီး Kang Hye Jung တို့ အဓိကပါဝင်ထားတဲ့ “Love Phobia” လို့ အမည်ရတဲ့ Romance, drama လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း နေသာတဲ့နေ့တစ်နေ့မှာ ဂျိုဂန်ဆိုတဲ့ ကောင်လေးဟာ အဝါရောင်မိုးကာအင်္ကျီ ဝတ်ထားတဲ့ ထူးဆန်းတဲ့ကောင်မလေး အာရီနဲ့ မတော်တဆ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနောက် ကျောင်းမှာ ပြန်တွေ့ပြီး ရင်းနှီးလာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ အာရီဟာ အကြောင်းမဲ့ ဂျိုဂန်ရဲ့ဘဝထဲကနေ ပျောက်ကွယ်သွားခဲ့ပါတယ်… ဒီလိုနဲ့ (၁၀) နှစ်ကြာပြီးနောက်မှာ အဆက်အသွယ်ပြတ်တောက်နေခဲ့တဲ့ အာရီ့ဆီကနေ မမျှော်လင့်ဘဲ အဆက်အသွယ်ပြန်ရလာတာကြောင့် သူတို့နှစ်ယောက် ပြန်လည်ဆုံစည်းခွင့် ရခဲ့ပြီး ကလေးဘဝက စတင်ခဲ့တဲ့ သံယောဇဉ်ဟာ အချိန်တွေကုန်ဆုံးသွားတဲ့အထိ မလျော့သွားခဲ့သလိုအချစ်ဆိုတဲ့ ခံစားချက်ကလည်း တဖြည်းဖြည်း ပိုမိုနက်ရှိုင်းလာပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာကတော့ သူတို့ကို အကြာကြီး အတူရှိခွင့်မပေးခဲ့ဘဲ အာရီက ဂျိုဂန်ရှေ့ကနေ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားတဲ့အခါ... အာရီတစ်ယောက် ဂျိုဂန်ဆီကနေ အကြိမ်ကြိမ် ထွက်ပြေးရတဲ့ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ... ကံကြမ္မာကရော သူတို့နှစ်ယောက်ကို ထပ်မံဆုံစည်းခွင့် ပေးဦးမှာလား... မပြီးဆုံးသေးတဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ကြည့်ရှုခံစားပေးကြပါဦးနော်။ File Size : 1.49GB/ 760MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 58m Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း