ဇာတ်ကားများ ရွေးရန်

Villain

2010ဇာတ်ကားအမှတ် 7.0/10139 မိနစ်

Villain (2010) IMDb Rating (7.0) ဒီတစ်ခေါက်မှာတော့ IMDb rating 7/10 ရရှိထားပြီး ဆုပေါင်း ၁၄ ဆုနဲ့ ဆန်ကာတင် ၁၁ဆုထိ ဝင်ခဲ့တဲ့ Villain ဆိုတဲ့ Crime-Drama အမျိုးအစား ဂျပန်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘဝအတွက် ရုန်းကန်ကြိုးစားနေတဲ့ လူငယ်တွေရဲ့နေ့စဉ်ဘဝမှာ အလုပ်ချိန်ကလွဲရင် အထီးကျန်နေရချိန်တွေလည်းများလာနေပါတယ်။ တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းထဲမှာ ဒီလိုဟာကွက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ခေတ်မီဆန်းသစ်တဲ့နည်းလမ်းတွေ အများအပြားရှိနေသလို အဲဒီထဲကမှ ဒိတ်ဝက်ဘ်ဆိုက်တွေဟာလည်း လူငယ်တွေ လက်တည့်စမ်းရာ ခဏတာ စိတ်အလိုလိုက်ပျော်ပါးရာ ကြားခံလေးတစ်ခုဆိုရင်လည်း မမှားပါဘူး။ ယိုရှီနိုဆိုတဲ့ မိန်းကလေးဟာလည်း မိဘများနဲ့ ဝေးရာ မြို့ကြီးမှာ တစ်ယောက်တည်း နေထိုင် အလုပ်လုပ်ကိုင်ရင်း လူငယ်ပီပီ ဒိတ်ဝက်ဘ်ဆိုက်ကို လက်တည့်စမ်းခဲ့တဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ တစ်ရက် ကံဆိုးစွာနဲ့ပဲ ကားလမ်းပေါ်မှာ အသတ်ခံလိုက်ရတဲ့ ယိုရှီနို... ယိုရှီနို အသတ်ခံလိုက်ရတဲ့အမှုနဲ့ပတ်သတ်ပြီး သူနဲ့အဆက်အသွယ်ရှိဖူးခဲ့တဲ့ တက္ကသိုလ်ကျောင်းသား၊ ဒိတ်ဝက်ဘ်ဆိုက်က ဆက်သွယ်ဖူးတဲ့ ကားသမား၊ တွဲခဲ့ဖူးတဲ့ သူဌေးသားစတဲ့ ယိုရှီနိုရဲ့ ပတ်ဝန်းကျင်ကသူတွေဟာ သံသယရှိသူတွေ ဖြစ်လာတဲ့အခါမှာတော့.. ကားလမ်းမကြီးပေါ်မှာ အသက်ခံလိုက်တဲ့ ယိုရှီနိုရဲ့အမှုမှာ ဘယ်သူက တရားခံအစစ်ဖြစ်နေမလဲဆိုတာ အဆုံးထိ ကြည့်ရှုရင်း အဖြေရှာကြည့်လိုက်ရအောင်ပါ။ File Size : 2.08GB/ 880MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 54m Genre : Crime, Life, Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း