ဇာတ်ကားများ ရွေးရန်

Choir of God

2025ဇာတ်ကားအမှတ် 7.5/10111 မိနစ်

Choir of God (2025) IMDb Rating (7.5) ပရိသတ် 1.4 သန်းကျော်ရဲ့ အားပေးမှုကို ရရှိခဲ့ပြီး မြောက်ကိုးရီးယားဒုက္ခသည် တစ်ဦးရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ Christian Musical ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ The Princess' Man, My Golden Life တို့နဲ့ လူကြိုက်များခဲ့တဲ့ မင်းသား Park Si-Hoo၊ 2AM အဖွဲ့ဝင် Jeong Jin-Woon တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးရုပ်ရှင် Miracle in Cell No. 7 ရဲ့ screenwriter က ဇာတ်ညွှန်းရေးထားတာမို့လို့ ကြည့်မယ်ဆိုရင်တော့ တစ်ရှူးလေးဆောင်ထားဖို့ လိုမယ်နော်။ - ဇာတ်လမ်းအကျဉ်း - နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြောက်ကိုရီးယားဟာ NGO ဘက်ကပေးတဲ့ ထောက်ပံ့ကြေး ဒေါ်လာ သိန်း ၂,၀၀၀ ကို ရနိုင်ဖို့အတွက် ခရစ်ယာန်ဂီတအဖွဲ့ကို ဟန်ဆောင်ဖွဲ့စည်းရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဘာသာရေး ကိုးကွယ်ယုံကြည်မှုအပေါ် ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတဲ့ ဒီနိုင်ငံမှာမှ အတုအယောင် ခရစ်ယာန်ဂီတအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းဖို့ တာဝန်ပေးခံလိုက်ရသူကတော့ ယေရှုနောက်လိုက်တွေကို ဖမ်းဆီးအရေးယူနေတဲ့ နိုင်ငံတော်လုံခြုံရေးဌာနက ဗိုလ်မှူး ဘတ်ဂယိုဆွန်း (Park Si-Hoo) ပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ သူ ရွေးချယ်လိုက်တဲ့ တီးဝိုင်းက အမျိုးသားအဆိုရှင်လည်း မရှိ ကျန်အဖွဲ့ဝင်တွေကလည်း ပြဿနာကိုယ်စီ ရှိနေကြတဲ့အခါ... အလွဲလေးတွေနဲ့ ဗိုလ်မှူးဘတ်တို့ရဲ့ တီးဝိုင်းက ချီးမွမ်းတေးတွေကို အကြိမ်ကြိမ် လေ့ကျင့်သီဆိုရင်း သူတို့ရဲ့ စိတ်နှလုံးမှာ ဘယ်လို အပြောင်းအလဲလေးတွေ ဖြစ်ပေါ်လာမလဲ... တီးဝိုင်းအဖွဲ့ဝင်တွေကြားက နွေးထွေးတဲ့ သံယောဇဉ်ကို လှလှပပ ပုံဖော်ထားတာဖြစ်လို့ ခရစ်ယာန်ဘာသာဝင်များသာမက လူသားဆန်တဲ့ မေတ္တာတရားကို မြတ်နိုးသူတိုင်း မဖြစ်မနေကို ကြည့်ရှုသင့်တဲ့ ကားကောင်းလေးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File Size : 1.14GB/ 570MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 48m Genre : Drama, Music Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း