ဇာတ်ကားများ ရွေးရန်

Unexpected Courage

2025ဇာတ်ကားအမှတ် 5.2/10111 မိနစ်

ကလေးမွေးဖွားခြင်းဆိုတာ ပျော်ရွှင်စရာအဆုံးသတ်တစ်ခုလို့ လူအများက ထင်တတ်ကြပေမဲ့… တချို့မိသားစုတွေအတွက်တော့ အသက် အချစ်နဲ့ သတ္တိကို အတူတူ စမ်းသပ်ခံရတဲ့ အစပဲ ဖြစ်နိုင်ပါတယ် အချစ်ဆိုတာကလည်း လူနှစ်ယောက်ရဲ့ ဇာတ်လမ်းပဲ မဟုတ်ပါဘူး… တစ်ခါတလေတော့ မိသားစုတစ်ခု ဖြစ်လာဖို့ ဘယ်လောက်သတ္တိလိုအပ်လဲဆိုတာကို သက်သေပြရတဲ့ ခရီးရှည်တစ်ခုလည်း ဖြစ်နိုင်ပါတယ် ဒါရိုက်တာ ယိုရှောက်ရှန်ရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို အခြေခံရိုက်ကူးထားတဲ့ Unexpected Courage ဆိုတဲ့ ရုပ်ရှင်လေးဟာ အချစ်ရေး အိမ်ထောင်ရေးနဲ့ မိဘဘဝအကြား ရွေးချယ်မှုတွေကို တင်ဆက်ရိုက်ပြထားတဲ့ Family Romance ဇာတ်အိမ်လေးတစ်ကား ဖြစ်ပါတယ် ဒီရုပ်ရှင်လေးထဲမှာတော့ Lesson in Love မှာ Li Dawei အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hsueh Shih Ling (Simon Hsueh) က ပေါ်အန်းအဖြစ် Male Lead နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်အောင်မြင်တဲ့ အနုပညာလောကမှာ အလုပ်များပြီး အချိန်နဲ့အပြေးအလွှား ရုန်းကန်နေတဲ့ ပေါ်အန်းနဲ့ လဲ့ဖူတို့ ချစ်သူနှစ်ဦးဟာ နှစ်ပေါင်းများစွာ လက်တွဲလာခဲ့ပေမဲ့ အသက်အရွယ်ကွာဟမှု မိသားစုအတိတ်ဒဏ်ရာတွေနဲ့ အနာဂတ်အပေါ် ကြောက်ရွံ့မှုတွေကြောင့် အမြဲတမ်း ဆုံးဖြတ်ချက်ချဖို့ ဝန်လေးနေခဲ့ကြရင်း မမျှော်လင့်ထားတဲ့ ကိုယ်ဝန်သတင်းတစ်ခုက သူတို့နှစ်ယောက်ရဲ့ ဘဝကို လုံးဝပြောင်းလဲသွားစေပါတော့တယ်… ဒါပေမဲ့ မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုဟာလည်း လွယ်လွယ်ကူကူ ရောက်မလာခဲ့ပါဘူး…ကိုယ်ဝန်ဆောင်ချိန်အတွင်း မထင်မှတ်ထားတဲ့ ကျန်းမာရေးအန္တရာယ်တွေ အသက်နဲ့ရင်းပြီး ရင်ဆိုင်ရတဲ့ ဆုံးဖြတ်ချက်တွေ မိခင်နဲ့ ကလေးနှစ်ယောက်စလုံးကို ကယ်တင်ဖို့ ဆရာဝန်တွေရဲ့ ခက်ခဲတဲ့ရွေးချယ်မှုတွေကြောင့် မိသားစုတစ်ခုလုံး စမ်းသပ်ခံလိုက်ရပါတော့တယ် တစ်ဖက်မှာတော့ ပေါ်အန်းဟာ အပြင်ပန်းမှာ တည်ငြိမ်အောင် ဟန်ဆောင်နေပေမယ့် ရင်ထဲမှာတော့ ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့ စိုးရိမ်မှု၊ ဖခင်တစ်ယောက်ဖြစ်လာမဲ့ တာဝန်နဲ့ မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေအားလုံးကို တိတ်တဆိတ် ထမ်းပိုးရင်း ရုန်းကန်နေခဲ့ရပါတယ်နောက်ဆုံးမှာတော့ Unexpected Courage ဆိုတဲ့ ရုပ်ရှင်နာမည်လေးအတိုင်း "သတ္တိ" ဆိုတာ ကြီးကျယ်တဲ့အရာတွေကို လုပ်ပြနိုင်တာမဟုတ်ဘဲ ကိုယ်ချစ်တဲ့သူအတွက် ကြောက်နေတဲ့ကြားက ရှေ့ဆက်လှမ်းရဲတာပဲဆိုတဲ့ အဓိပ္ပာယ်ကို ခံစားမိစေမဲ့… Family ဇာတ်အိမ်အမျိုးအစားတွေကို ကြိုက်တဲ့သူတွေ မိသားစုတစ်ခုရဲ့ အဓိပ္ပာယ်နဲ့ မိဘဘဝရဲ့ တန်ဖိုးကို ခံစားချင်တဲ့သူတွေအတွက်တော့ မျက်ရည်ကျစေနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလို့ ပြောနိုင်ပါတယ် Filesize : 1.38 GB / 731 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama and Romance Runtime : 1h 51 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း