ဇာတ်ကားများ ရွေးရန်

War and Music ‌aka Voyna i Muzyka

2025ဇာတ်ကားအမှတ် 8.5/10

"Voyna I Muzyka" (War and Music) ဆိုတဲ့ နာမည်အတိုင်းပဲ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကြားထဲက ဂီတရဲ့ စွမ်းအားကို ဆွဲဆောင်မှုရှိရှိ ရိုက်ပြထားတဲ့ ရုရှားစစ်ကားကောင်းတစ်ကားပါ။ သမိုင်းနောက်ခံ ဒီကားရဲ့ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ် (World War II) ကာလကို အဓိက အခြေခံထားတာပါ။ အထူးသဖြင့် ဆိုဗီယက်ပြည်ထောင်စု နဲ့ နာဇီဂျာမနီတို့ အပြင်းအထန် တိုက်ခိုက်ခဲ့ကြတဲ့ "Great Patriotic War" (မဟာမျိုးချစ်စစ်ပွဲ) အချိန်ကာလပေါ့။ အဲဒီခေတ်မှာ စစ်တပ်ထဲကို ပါလာတဲ့ အမျိုးမျိုးသောဂီတကို ချစ်တတ်ကြတဲ့ နှလုံးသားနုတဲ့လူတွေ ကြမ်းတမ်းတဲ့ လူ-တ်ပွဲကြီးကြားထဲမှာ ဘယ်လို ပါဝင်ခဲ့ရသလဲဆိုတာကို ပြထားတာပါ။ ဇာတ်လမ်းအကျဉ်း နာဇီဂျာမနီက ဆိုဗီယက်ကို စတင်ကျူးကျော်ချိန်မှာ စစ်မှုထမ်းဆင့်ခေါ်ခံရတဲ့ အာမေးနီးယားသားတစ်စုအကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ ဆိုဗီယက်စစ်ထဲစဝင်ချိန်ကနေ ဘာလင်ကို သိမ်းချိန်အထိ သမိုင်းတလျှောက်ကို ရိုက်ပြထားတာမို့ စစ်ကားကြိုက်သူ သမိုင်းကြိုက်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ စစ်ကားဆိုပေမယ့် အက်ရှင်ကြမ်းကြမ်းတွေချည်းပဲ မဟုတ်ဘဲ လူ့သဘာဝ၊ မျှော်လင့်ချက်နဲ့ ခံစားချက် (Drama) ကို ပိုပြီး ပေါ်လွင်အောင် ရိုက်ပြထားလို့ သဘောကျစရာကောင်းပါတယ်။ နာမည်နဲ့လိုက်အောင် ရုပ်ရှင်ထဲက နောက်ခံတေးဂီတတွေ၊ သံစဉ်တွေကလည်း ဇာတ်လမ်းနဲ့ အရမ်းလိုက်ဖက်ပြီး ကြည့်နေရင်း ခံစားချက်ကို ပိုပြီး နက်ရှိုင်းသွားစေပါတယ်။ သမိုင်းနောက်ခံ ခိုင်ခိုင်မာမာနဲ့ စစ်ပွဲတွင်းက လူတွေ၊ နောက်ချန်ခဲ့တဲ့ မိသားစုတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ရသ အပြည့်နဲ့ ခံစားကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက သေချာပေါက် ကြည့်သင့်တဲ့ ကားတစ်ကားပါပဲ။ File size… 1.97 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း