Bugsy
နယူးယောက်မြိုရဲ့ သြဇာကြီးမားပြီး သပ်သပ်ရပ်ရပ် နေတတ်တဲ့ လူမိုက်ခေါင်းဆောင် ဘန်ဆီဂယ် ဟာ ကယ်လီဖိုးနီးယားတောင်ပိုင်းက လောင်းကစားဝိုင်းတွေကို နယ်မြေချဲ့ထွင်ဖို့ ၄ ရက်တာ ခရီးစဉ်အဖြစ် လော့စ်အိန်ဂျလိစ် (ဟောလိဝုဒ်) သို့ ရောက်ရှိလာခဲ့ပါတယ်။ ဟောလိဝုဒ်ရဲ့ လျှပ်ပေါ်လော်လီမှုတွေနဲ့ ရုပ်ရှင်လောက အသိုင်းအဝိုင်းကို သဘောကျသွားတဲ့ ဘန်ဟာ ရေရှည်အခြေစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး အဆိုတော် လောရင့်စ်ဆီက အိမ်ကိုပါ ချက်ချင်း ငွေပုံပေးဝယ်ယူလိုက်ပါတော့တယ်။ အဲဒီနောက် ဟောလိဝုဒ်မှာတင်ပဲ သူ့လိုပဲ လိုချင်တာကို မရရအောင်ယူတတ်ပြီး စရိုက်ပြင်းထန်တဲ့ မင်းသမီးချော ဗာဂျီးနီးယားဟေးလ် နဲ့ ဆုံတွေ့ပြီး ပြင်းထန်တဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေသခံလူမိုက် ဂျက်ဒရက်ဂ်နာ ကို ခြိမ်းခြောက်ပြီး နယ်မြေကို သိမ်းပိုက်သလို၊ သူတို့ဆီက ပိုက်ဆံခိုးသွားတဲ့ ဂျူးလူမိုက် မစ်ကီကိုဟန် ကို သတ်ပစ်မယ့်အစား သူ့ရဲ့ လက်အောက်ခံအဖြစ် သွေးဆောင်စည်းရုံးပြီး လုပ်ငန်းတွေကို အကြီးအကျယ် ချဲ့ထွင်ဖို့ ကြိုးစားလာပါတော့တယ်။ အချစ်၊ အာဏာနဲ့ ရာဇဝတ်မှုတွေကြားထဲမှာ "ဘတ်ဆီ" လို့ ခေါ်ရင် လုံးဝမကြိုက်တဲ့ လူမိုက်ကြီး ဘန် တစ်ယောက် ဘယ်လို ဆက်လက် အာဏာစက် ထူထောင်မလဲဆိုတာကို ရှုစားရမယ့် ဇာတ်ကားဖြစ်လို့ အခုပဲကြည့်လိုက်ရအောင်နော်
ဇာတ်လမ်းအကြောင်း