ALL YOU NEED IS KILL
ALL YOU NEED IS KILL (2026) +++++++++++++ အိုကေ... ဒီကားလေးကတော့ Action တွေ၊ Sci-Fi တွေ ခုံမင်တဲ့သူတွေအတွက် အတော်လေး အကြိုက်တွေ့စေမယ့် ကားမျိုးပါပဲ။ Tom Cruise ပါဝင်ထားတဲ့ Edge of Tomorrow ကို သဘောကျဖူးတယ်ဆိုရင် ဒီကားကို ပိုတောင် ကြိုက်သွားနိုင်သေးတယ်။ သူက မူရင်း ဂျပန်ဝတ္ထုကို ပိုပြီး အသက်ဝင်အောင် Anime အနေနဲ့ ပြန်အသက်သွင်းထားတာဆိုတော့ ခံစားမှုက တစ်မျိုးလေး ပိုမိုက်နေတယ်။ ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ ကမ္ဘာကြီးကို Darol လို့ခေါ်တဲ့ ဂြိုဟ်သားတွေ ဝင်စီးနေတဲ့အချိန်မှာ လူသားတွေဘက်က အသေအလဲ ပြန်ခုခံနေရတဲ့ အချိန်ပေါ့။ ဇာတ်လမ်းက ကိဂျိ (Keiji) ဆိုတဲ့ တပ်သားသစ်လေးကို အဓိကထားပြီး သွားတယ်။ သူက ပထမဆုံး တိုက်ပွဲထွက်တဲ့နေ့မှာပဲ ဂြိုဟ်သားတွေလက်ချက်နဲ့ သေသွားတယ်။ ဒါပေမဲ့ အဲဒီမှာ သေလည်းသေရော မျက်လုံးပြန်ပွင့်လာတော့ တိုက်ပွဲမစခင် မနက်ခင်းကိုပဲ ပြန်ရောက်နေရော။ သေလိုက်၊ ပြန်ရှင်လာလိုက်နဲ့ အကြိမ်ကြိမ် အချိန်သံသရာ (Time Loop) ထဲ ပိတ်မိနေရင်းကနေ သူ့မှာ အရင်မှတ်ဉာဏ်တွေ ကျန်နေတော့ တိုက်ရည်ခိုက်ရည်တွေ တဖြည်းဖြည်း တက်လာတယ်။ အဲဒီလို သံသရာလည်နေရင်းနဲ့မှ လူသားတွေဘက်က တကယ့် စစ်နတ်ဘုရားမလို့ တင်စားရတဲ့ ရီတာ (Rita) နဲ့ သွားဆုံတယ်။ ရီတာကလည်း အရင်တုန်းက သူ့လိုပဲ ဒီ Time Loop ထဲ ရောက်ခဲ့ဖူးတာကို သွားသိလိုက်ရတော့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီသံသရာထဲကနေ ဘယ်လို ဖောက်ထွက်မလဲ၊ ဂြိုဟ်သားတွေကို ဘယ်လို အမြစ်ဖြတ်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ Animation ပိုင်းကို Studio 4°C က လုပ်ထားတာဆိုတော့ တိုက်ပွဲခန်းတွေ၊ မောင်းသူမဲ့ စက်ရုပ်ဝတ်စုံတွေနဲ့ ချတဲ့အခန်းတွေက တော်တော်လေး အကြမ်းစားပဲဗျ။ Edge of Tomorrow ထက်စာရင် ဇာတ်လမ်းက ပိုပြီး Dark ဖြစ်သလို၊ အက်ရှင်ခန်းတွေကလည်း ထိထိမိမိနဲ့ အားရစရာကောင်းတယ်။ စိတ်လှုပ်ရှားစရာ ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင် ကြည့်ချင်တယ်ဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းလေး တစ်ကားပါပဲဗျာ။ File Size… (1.14GB) / (776MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 26m Genre ….Action , Animation , Sci-Fi Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း