ဇာတ်ကားများ ရွေးရန်

Call Me by Your Name

2017ဇာတ်ကားအမှတ် 8.2/10132 မိနစ်

၁၉၈၃ ခုနှစ် အီတလီရဲ့ နွေရာသီတစ်ခုမှာ အသက် ၁၇ နှစ်အရွယ် အယ်လီယိုတို့အိမ်ကို အိုလီဗာ ရောက်လာပါတယ်။ သူ့ထက် ခုနစ်နှစ်ကြီးပြီး အရပ်အမောင်းကောင်းကောင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ဧည့်သည်ဟာ အယ်လီယိုရဲ့အိပ်ခန်းမှာ နေရာယူလိုက်တယ်။ နှုတ်ဆက်တိုင်း တိုတိုပြတ်ပြတ်နဲ့ “နောက်မှပဲ” လို့ ပြောတတ်တဲ့ အိုလီဗာကို အစပိုင်းမှာတော့ အယ်လီယိုက မောက်မာသူလို့ထင်ပြီး အမြင်ကပ်နေမိပါတယ်။ အိမ်ရှင်ဖြစ်တဲ့ အယ်လီယိုက ဧည့်သည်ကို မြို့တစ်ဝိုက် လိုက်ပြပေးရင်း သူတို့နှစ်ယောက် အတူအချိန်ကုန်လာကြတယ်။ ကြာလာတော့ အမြင်ကပ်ခဲ့တဲ့ စကားလေးကိုပဲ အယ်လီယို စွဲလမ်းလာပြီး အိုလီဗာအကြောင်းကိုလည်း မတွေးဘဲမနေနိုင်တော့ဘူး။ နှစ်ယောက်တည်း နားလည်တဲ့ အခေါ်အဝေါ်တွေနဲ့ ခေါ်ကြတဲ့အထိ ရင်းနှီးလာတဲ့အခါ အယ်လီယိုအတွက် အတူရှိနေရတဲ့အချိန်တွေဟာ ပျော်စရာဖြစ်လာပါတယ်။ ဒါပေမယ့် အတားအဆီးနဲ့ ချုပ်ချယ်မှုတွေကြားမှာ သူတို့ရဲ့ဆက်ဆံရေး ပျက်ယွင်းသွားနိုင်တာကို အိုလီဗာက ပိုပြီးကြိုသိထားပုံရတယ်။ အတွေ့အကြုံနုနယ်သေးတဲ့ အယ်လီယိုကတော့ အိုလီဗာ ထွက်သွားရမယ့်အချိန် ရောက်လာခဲ့ရင် နှစ်ယောက်တည်းရှိတဲ့ တိတ်ဆိတ်ချိန်မှာ သူ့ကို အိုလီဗာရဲ့နာမည်နဲ့ ခေါ်ပြီး နှုတ်ဆက်စေချင်နေပါတယ်။

ဇာတ်လမ်းအကြောင်း