ဇာတ်ကားများ ရွေးရန်

Blades of Blood

2010ဇာတ်ကားအမှတ် 7.1/10108 မိနစ်

Blades of Blood (2010) ဂျပန်တွေရဲ့ကျူးကျော်မှုအန္တရာယ်ကြောင့် ၁၆ ရာစု ဂျိုဆွန်းခေတ် ဂျိုဆွန်းမင်းဆက်ရဲ့ မငြိမ်သက်ဖြစ်နေတဲ့ကာလကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် ။ ဒီကားထဲမှာတော့ မင်းသားကြီး Hwang Jung-min နဲ့ မင်းသားကြီး Cha Seung-won တို့ရဲ့ အားပြိုင်မှုနဲ့အတူ Baek Sung Hyun နဲ့ Han Ji Hye တို့လည်း အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီမုံဟာ့(Cha Seung Won) နဲ့ ဒဏ္ဍာရီလာမျက်မမြင်ဓားသမား ဟွမ်ဂျောင်ဟာ့(Hwang Jung Min)တို့ဟာ ဂျပန်ကျူးကျော်မှု၊ လူမှုရေး မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ပြီး တိုင်းပြည်သစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်‌ချက်တွေနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ ဟန်ဂယွန်းဂျူကတော့ အီမုံဟာ့ရဲ့ လမ်းမှာအတားအဆီးဖြစ်နေလို့ ရှင်းထုတ်ခံလိုက်ရတဲ့ဟန်အိမ်တော်ရဲ့ ကျန်ရစ်သူ တရားမဝင်သားတစ်ယောက်ပါ။ ဒါပေမဲ့ အီမုံဟာ့ဟာ တိုင်းပြည်ကို ကယ်တင်ဖို့လုပ်ရာက‌နေ ကိုယ်ကျိုးကြည့်ပြီး အာဏာရလာဖို့အတွက် ဘယ်သူ့ကိုမ‌ဆိုသတ်ဖြတ်ဖို့ ဝန်မလေးတော့တဲ့အထိ ရက်စက်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဟန်ဂယွန်းဂျူနဲ့ မျက်မမြင်ဓားသမား ပူးပေါင်းလိုက်ပြီးတဲ့နောက်.. ဘယ်လိုတွေဆက်လက်ကြုံတွေ့ကြရမလဲဆိုတာကိုတော့ ... လူသားတွေရဲ့ လောဘ‌၊ဒေါသ၊မောဟနဲ့ နာကျည်းမှုတွေကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး အချင်းချင်းနန်းတွင်းအာဏာပြိုင်မှု ပုန်ကန်မှုတွေသက်သက်တင်မကဘဲ ပြင်ပရန်သူပါပါဝင်တဲ့ ဒီဇာတ်လမ်းကို ဓားရေးအက်ရှင်အလန်းစားတွေနဲ့တကွ စိတ်ဝင်တစားစီးမြောခံစားကြရမှာဖြစ်လို့ သမိုင်းနောက်ခံ action drama ချစ်သူတွေ ခံစားကြည့်လိုက်ပါဦးနော် ။ File size…1.64GB / 761MB Quality… BluRay 1080p/ 720p Format…mp4 Duration….1 hr. 51 min. Genre ….. Action, Historical, Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း