Six Singing Women
Six Singing Women (2023) ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ဒါရိုက်တာ Yoshimasa Ishibashi ရိုက်ကူးထားပြီး ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုမှုနှင့် သဘာဝတရားတရားတို့ကို အနုပညာဆန်ဆန် ပေါင်းစပ်ပုံဖော်ထားတဲ့ သဘာဝလွန် ဂျပန်ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ဓါတ်ပုံဆရာ ခါယာရှီမာနဲ့ အိမ်ခြံမြေပွဲစား အူဝါဂျီမာတို့ဟာ တောနက်တစ်ခုအတွင်းမှာ ကားမတော်တဆမှုဖြစ်ပြီး သတိလစ်သွားခဲ့ကြပါတယ်။ သူတို့နိုးလာတဲ့အချိန်မှာ လှပဆန်းကြယ်ပေမဲ့ .. ထူးဆန်းတဲ့ အပြုအမူတွေ ရှိတဲ့ အမျိုးသမီး ၆ ဦးနေထိုင်ရာ ရွာငယ်လေးတစ်ရွာမှာ ပိတ်မိနေတာကို တွေ့ရှိလိုက်ရပါတယ်။ အမျိုးသမီး ၆ ဦးဟာ စကားမပြောကြဘဲ ဆွဲဆောင်မှုရှိတဲ့ သီချင်းသံတွေနဲ့ပဲ ဆက်သွယ်ကြပြီး၊ အမျိုးသားနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားကြပါတယ်။ ကနဦးမှာတော့ ရုန်းထွက်ဖို့ ကြိုးစားခဲ့ကြပေမဲ့ ခါယာရှီမာနဲ့ အူဝါဂျီမာတို့ဟာ ထိုအမျိုးသမီးများရဲ့ လျှို့ဝှက်ဆန်းကြယ်မှု၊ သဘာဝတရားနဲ့ ဆက်နွှယ်နေမှုတွေကို တဖြည်းဖြည်း သတိပြုမိလာပြီးနောက် သူတို့ရဲ့ဘဝတွေကို ပြောင်းလဲစေမဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်လာရပါတော့တယ်။ ဒီကားလေးထဲမှာဆိုရင် ဂျပန်ထိပ်တန်းမင်းသား Yutaka Takenouchi နဲ့ Takayuki Yamada တို့ရဲ့ အပြန်အလှန် သရုပ်ဆောင်မှုများက ဇာတ်လမ်းကို ပိုမိုပီပြင်စေပြီး အမျိုးသမီး ၆ ဦးအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးတွေရဲ့ စကားမပြောဘဲ မျက်လုံး၊ အမူအရာ၊ သီဆိုမှုနဲ့ပဲ ဖော်ပြတဲ့ သရုပ်ဆောင်ချက်တွေကလည်း ကြည့်ရှုသူအတွက် စွဲမက်ဖွယ်ကောင်းပါတယ်။ တောတောင်ရေမြေ သဘာဝအလှတရားကို ကင်မရာအလှည့်အပြောင်း အယူအဆဆန်းဆန်းတွေနဲ့ ရိုက်ကူးထားပြီး၊ နောက်ခံတေးဂီတနဲ့ သီချင်းသံတွေက ရုပ်ရှင်ကြည့်ပရိသတ်ကို ဆန်းကြယ်တဲ့ ကမ္ဘာတစ်ခုထဲကို ခေါ်ဆောင်သွားသလို ခံစားရစေမှာပါ။ လူသားနဲ့ သဘာဝတရားအကြား ဆက်နွှယ်မှု၊ လူသားတို့ရဲ့ လောဘဇောနဲ့ သဘာဝတရားရဲ့ တုံ့ပြန်မှုကို အနုပညာဆန်ဆန် သရော်ထားတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ Thriller ကားမျိုးမဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ Visual Art ကို ခံစားလိုတဲ့ ရုပ်ရှင်ချစ်သူများ လက်မလွှတ်သင့်တဲ့ ဂျပန်ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ File size…1.78GB / 786MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 52 min. Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း