Interceptor
အမေရိကန်မှာရှိတဲ့ နျူကလီးယားဒုံးကျည်တွေကို ခိုးယူပြီး နိုင်ငံတစ်ဝက်လောက်ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ လူတစ်စုဟာ ဗိုလ်ကြီးကောလင်းစ် တာဝန်ကျရာ စခန်းကို ဝင်စီးကြပါတယ်။ ဒီစခန်းက သာမန်တပ်စခန်းမဟုတ်ဘဲ ပစ်လွှတ်လာတဲ့ နျူကလီးယားဒုံးကျည်တွေကို ကြားဖြတ်ပစ်ချနိုင်တဲ့ လက်နက်တွေ ကျန်ရှိရာ တစ်ခုတည်းသော ရေလယ်စခန်းပါ။ အနိုင်ရနိုင်ခြေ အလွန်နည်းနေတဲ့အခြေအနေမှာ ကောလင်းစ်တစ်ယောက် စီးနင်းသူတွေနဲ့ ပူးပေါင်းသွားမလား၊ ဆက်ပြီး တိုက်ခိုက်မလားဆိုတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်နေရတယ်။ စခန်းကို ဝင်စီးတဲ့အဖြစ်အပျက်အတွင်း အက်ရှင်ခန်းတွေအပြင် စကားပြောခန်းတွေကိုလည်း အသားပေးထားပါတယ်။ လက်ယာစွန်းရောက် အမျိုးသားရေးအမြင်တွေ၊ အမျိုးသမီးတွေအပေါ် နိုင်ထက်စီးနင်းပြုမှုနဲ့ ရွှေ့ပြောင်းအခြေချလာသူတွေကို ခွဲခြားဆက်ဆံမှုတွေကိုပါ ဇာတ်လမ်းထဲမှာ ထည့်သွင်းထားတယ်။
ဇာတ်လမ်းအကြောင်း