ဇာတ်ကားများ ရွေးရန်

Barbarian Invasion

2021ဇာတ်ကားအမှတ် 6.4/10106 မိနစ်

လူတစ်ယောက်ရဲ့ အကြီးမားဆုံးရန်သူက တခြားသူလား... ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတဲ့ စိတ်အစွဲတွေလား...၂၀၂၁ ခုနှစ်ထွက် မလေးရှားနဲ့ပူးတွဲရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်တဲ့ Barbarian Invasion ဟာ ဒါရိုက်တာ Chen Cuimei ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး အဓိကဇာတ်ဆောင်အဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားတဲ့ ထူးခြားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် အက်ရှင် ဒရာမာနဲ့ ဒဿနအတွေးအခေါ်တွေကို ပေါင်းစပ်တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတဲ့ ခရီးစဉ် မိခင်တစ်ယောက်အဖြစ်နဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရင်ဆိုင်ရတဲ့ ဘဝအခက်အခဲတွေကို လက်တွေ့ဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ် တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဟာ အသက်အရွယ် မိသားစုတာဝန်နဲ့ ဘဝအပြောင်းအလဲတွေကြားမှာ သရုပ်ဆောင်ဘဝကို စွန့်လွှတ်ထားခဲ့ပါတယ် ဒါပေမဲ့ အက်ရှင်ရုပ်ရှင်တစ်ကားမှာ ပြန်လည်ပါဝင်ဖို့ ကမ်းလှမ်းခံရတဲ့အခါ သူမရဲ့ ဘဝဟောင်းနဲ့ ဘဝသစ်တို့ဟာ တစ်ဖန်ပြန်လည် ထိပ်တိုက်တွေ့ဆုံလာပါတော့တယ်… ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လီယွမ်မန်ဟာ ရုပ်ရှင်ရိုက်ကူးရေးအတွက် အက်ရှင်လေ့ကျင့်မှုတွေ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပြင်… ရုပ်ရှင်ထဲက ဇာတ်ကောင်ဘဝနဲ့ လက်တွေ့ဘဝကြား နယ်နိမိတ်တွေ တဖြည်းဖြည်း မှုန်ဝါးလာချိန်မှာတော့ အတိတ်က နာကျင်မှုတွေ ဆုံးဖြတ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ခရီးတစ်ခု စတင်လာပါတယ်နောက်ဆုံးမှာတော့ သူမဟာ ကိုယ့်ရဲ့ ကြောက်ရွံ့မှုတွေကို ကျော်ဖြတ်ပြီး ဘဝကို အသစ်တစ်ဖန် ရင်ဆိုင်နိုင်ပါ့မလား ရုပ်ရှင်တစ်ကားကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင် Filesize : 2.08 GB / 901 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Action Runtime : 1h 46 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း