ဇာတ်ကားများ ရွေးရန်

The Jacket

2005ဇာတ်ကားအမှတ် 6.9/10103 မိနစ်

ဂျက်ဟာ ရှေ့တန်းမှာ ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်ခံခဲ့ရတဲ့ စစ်သားတစ်ယောက်ပါ။ အသက်မသေခဲ့ပေမယ့် ဒဏ်ရာရဲ့နောက်ဆက်တွဲအဖြစ် သတိမေ့တတ်လာပြီး အာရုံကြောဝေဒနာပါ ခံစားရတာကြောင့် ပင်စင်ပေးခံလိုက်ရတယ်။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာခဲ့တဲ့ သူ့အတွက် နောက်တစ်ကြိမ် သတိရလာချိန်မှာတော့ အခြေအနေက လုံးဝပြောင်းနေပါပြီ။ ဂျက်ဟာ ရဲအရာရှိတစ်ယောက်ကို သတ်မှုနဲ့ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ တရားသူကြီးက စစ်မေးပေမယ့် ဖြစ်ခဲ့သမျှကို ဘာမှမမှတ်မိတဲ့အတွက် သူဖြေနိုင်တာက မသိပါဘူးဆိုတာပဲ။ စိတ်ကူးယဉ်၊ ဒရာမာနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရောစပ်ထားတဲ့ ဒီဇာတ်ကားမှာ Adrian Brody၊ Keira Knightly နဲ့ Daniel Craig တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း