ဇာတ်ကားများ ရွေးရန်

Hero's Island

2025ဇာတ်ကားအမှတ် 8.8/10191 မိနစ်

Hero's Island (2025) ဒီဇာတ်ကားကတော့ Historical-Crime-Drama အမျိုးအစားဖြစ်ပြီး ဆန်ကာတင် ၁၃ ခုထိ ဝင်ထားတဲ့ သမိုင်းနောက်ခံ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Keishi Otomo ရိုက်ကူးထားပြီး Satoshi Tsumabuki၊ Suzu Hirose ၊ Masataka Kubota ၊ Tsumabuki Satoshi၊ Nagayama Eita တို့အဓိက ပါဝင်ထားကြပါတယ်။ အမေရိကန် သိမ်းပိုက်ခံနေရဆဲ အိုကီနာဝါကျွန်းက ဒေသခံတွေဟာ အမေရိကန်တွေရဲ့ ဖိနှိပ်အနိုင်ကျင့်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ခဲ့ကြပုံများကို ခေတ်နဲ့အညီ အဝတ်အစား အပြင်အဆင် အခင်းအကျင်းများစွာနဲ့ ရှုစားကြရမယ့်အပြင် အရမ်းလှပတဲ့ ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရဲ့အလှကိုပါ ရှုစားရမှာပါ။ ဂျပန်နိုင်ငံ ပြည်မကြီးဟာ အမေရိကန်တွေရဲ့လက်အောက်ကနေ လွတ်မြောက်သွားချိန်မှာ အိုကီနာဝါကျွန်းလေးကတော့ မလွတ်မြောက်ခဲ့ပဲ အသိမ်းပိုက်ခံနေရဆဲဖြစ်ပါတယ်။ စစ်ဒဏ်ကြောင့်ရော အမေရိကန်တွေရဲ့ ထိန်းချုပ်ကန့်သတ်မှုတွေကြောင့်ရော အိုကီနာဝါက ပြည်သူအများ ဆင်းရဲ ဒုက္ခရောက်ကာ စားရမဲ့သောက်ရမဲ့အထိ ဖြစ်ကုန်ကြတယ်။ အဲဒီအချိန်မှာ အွန် ခေါင်းဆောင်တဲ့ လူငယ်အုပ်စုဟာ "စင်က အာဂိယား"ဆိုတဲ့လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒါကတော့ အမေရိကန်စစ်စခန်းက စစ်ဘက်သုံးပစ္စည်းတွေကို အုပ်စုဖွဲ့ ခိုးယူကာ အိုကီနာဝါက ပြည်သူတွေဆီကို ဈေးချိုချိုနဲ့ ရောင်းပေးတာ အခမဲ့ ဝေငှပေးတာတို့ လုပ်ကိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အွန်ရဲ့ ခေါင်းဆောင်မှုနဲ့ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ကြပေမဲ့ နောက်ဆုံးတစ်ကြိမ်မှာတော့ အမေရိကန်တပ်တွေနဲ့ ထိပ်တိုက်တိုးမိပြီး သေတဲ့သူ ခြေဦးတည့်ရာ ပြေးသူပြေး ဖြစ်ကုန်ကြရပါတယ်။ အဲဒီဖြစ်ရပ်ကနေ ခေါင်းဆောင် အွန်ကတော့ ပြန်မလာနိုင်တဲ့အတွက် အွန်ကို သူ့ရဲ့ညီလေး ရေးနဲ့ သူငယ်ချင်းဖြစ်သူ ဂူစုကူ၊ အွန်ရဲ့ချစ်သူ ယာမကိုတို့က နည်းမျိုးစုံနဲ့ ကြိုးစားရှာဖွေခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်းလေးပေါ်မှာလည်း အချိန်နဲ့အမျှ အပြောင်းအလဲတွေ ရှိလာခဲ့ပြီး အိုကီနာဝါကို အမေရိကန် လက်အောက်က လွတ်မြောက်ဖို့ နည်းမျိုးစုံ ကြိုးစားကြရင်း ဂူစုကူ၊ ယာမကိုနဲ့ရေးတို့ ၃ယောက် အွန်ဆိုတဲ့ သူတို့ချစ်ရတဲ့လူနဲ့ ပြန်ဆုံခွင့် ရပါဦးမလားဆိုတာ... File size…1.91GB / 800MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 3 hr. 11 min. Genre ….. Historical, Crime, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း