ဇာတ်ကားများ ရွေးရန်

As for Me

2025ဇာတ်ကားအမှတ် 7.2/10119 မိနစ်

As for Me (2025) ဒီဂျပန်ဇာတ်ကားကတော့ ဝါရင့်ဒါရိုက်တာကြီး Hitoshi Yazaki က စီစဉ်ညွှန်ကြားရိုက်ကူးထားပြီး Ai Hashimoto နဲ့ Taishi Nakagawa တို့ အဓိကပါဝင်ထားတဲ့ Romance-Drama အမျိုးအစားလေး ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသားအရွယ်မှာဆုံခဲ့တဲ့ လူငယ်ဘဝ အချစ်ဦးဆိုတာက ရင်ခုန်ကြည်နူးစရာ ကောင်းသလောက် လက်တွေ့လောကထဲကို ချဉ်းနင်းဝင်ရောက်လာချိန်မှာ ဘဝရည်မှန်းချက်နဲ့အနာဂတ်အတွက် ရင်နာနာနဲ့ လမ်းခွဲရင်း ရှေ့ဆက်နေသူနဲ့ ဘဝကို စိတ်ကူးယဉ်အိပ်မက်တွေနဲ့သာ နေပျော်နေသူတစ်ယောက်အကြောင်းကို အကောင်းဆုံးပီပြင်အောင် ပုံဖော်တင်ဆက်ပြထားပါတယ်။ ကာနကိုဟာ ရိုးသားအေးဆေးပြီး ထက်မြက်တဲ့သူပါ။ ဘဝကို လက်တွေ့ကျကျ ရှင်သန်နေထိုင်ချင်ပြီး အနာဂတ်မှာ စာပေပိုင်းဆိုင်ရာ အယ်ဒီတာတစ်ဦးဖြစ်ချင်သူဖြစ်ပါတယ်။ နာဂါစုဒကတော့ ကာနကိုရဲ့ စီနီယာဖြစ်ပြီး ပြဇာတ်နဲ့ပတ်သက်ပြီး ဇာတ်ညွှန်းရေးဆရာဖြစ်ချင်သူဖြစ်ပါတယ်။ ဒါပေမဲ့ နာဂါစုဒက ကျောင်းပြီးအောင်လည်း မလုပ် အလုပ်အကိုင်လည်း မရှာ ဇာတ်ညွှန်းတစ်ပုဒ်ကိုလည်း ဖြစ်မြောက်အောင်မြင်အောင် မရေးနဲ့ ကျောင်းမှာပဲ ရွာလည် လမ်းပျောက်အချိန်ဖြုန်းနေသူလို့ ပြောလို့ရပါတယ်။ ကာနကိုက နာဂါစုဒထက် အရင် ကျောင်းပြီးဘွဲ့ရကာ ပုံနှိပ်တိုက်မှာ အလုပ်သင်ဝင်ရောက် လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဝေးကွာသွားတဲ့ နာဂါစုဒနဲ့ ကာနကိုတို့ဟာ အချိန်တွေကြာလာတာနဲ့အမျှ နံဘေးမှာ သင့်လျော်တဲ့သူတွေနဲ့ တွေ့နေကြပေမဲ့ အချစ်ဦးကို ကိုယ်စီ မမေ့နိုင်ဖြစ်နေကြပါတယ်။ ဘဝကို ကာလရှည် အစီအစဉ်ချပြီး ဘဝကို လက်တွေ့ကျကျရှေ့ဆက်ဖို့ ကြိုးစားသူနဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့ ရှင်သန်နေသူတို့အတွက် ဆုံမှတ်ဆိုတာ တကယ်ရှိနိုင်ပါ့မလားဆိုတာ... File size…1.72GB / 836MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း