ဇာတ်ကားများ ရွေးရန်

Duse

2025ဇာတ်ကားအမှတ် 6.7/10122 မိနစ်

Duse (2025) အနုပညာအတွက် ကိုယ့်ဘဝရဲ့အရာအားလုံးကို ပေးဆပ်ပြီး ရူးသွပ်စွဲလမ်းခဲ့တဲ့ နာမည်ကျော် အီတလီပြဇာတ်သရုပ်ဆောင် မင်းသမီးကြီး Eleonora Duse ရဲ့ အထုပတ္တိ ဒရမ်မာတစ်ပုဒ်ကို အခုပဲတင်ဆက်လိုက်ပါတယ်။ နာမည်ကျော် အရည်အချင်းရှိတဲ့ ပြဇာတ်မင်းသမီးကြီး Eleonora Duse က အနုပညာအလုပ်ကနေ အငြိမ်းစားယူသွားတာ ၁၂နှစ်ကြာခဲ့ပါပြီ။ အခုတော့ သူက အိုမင်းလာပြီး၊ ငွေကြေးချိုတဲ့ကာ အရေးပေါ် ပြင်းထန်တဲ့ အဆုတ်ရောဂါလည်း ရှိနေပါတယ်။ ဆရာဝန်တွေက သူ့ကို အနားယူဖို့ တိုက်တွန်းကြပေမဲ့ သူမရဲ့ ပြဇာတ်အပေါ် စိတ်အားထက်သန်မှုနဲ့ ချစ်စိတ်က အရမ်းပြင်းထန်နေခဲ့လို့ သူမရဲ့ အနုပညာလုပ်ငန်းလမ်းကြောင်းကို ကယ်တင်ဖို့နဲ့ ရည်မှန်းချက် ထပ်ရှာဖို့အတွက် ပြဇာတ်လောကထဲကို ပြန်ဝင်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အီတလီနိုင်ငံက အခြေအနေတွေ ပိုပြီးဆိုးရွားတဲ့ဘက်ကို ပြောင်းလဲလာနေပါတယ်။ အာဏာရှင် Benito Mussolini က သူ့ရဲ့ ဖက်ဆစ်အစိုးရနဲ့ နိုင်ငံကို လက်ဝါးကြီးအုပ်နေပြီး သူ့ရဲ့အစိုးရ မျက်နှာရအောင်လို့ Duse ရဲ့ ကျော်ကြားမှုကို အသုံးချချင်ခဲ့ပါတယ်။ ဒါကြောင့် Mussolini က Duse ကို ပိုက်ဆံတွေအများကြီးနဲ့ နိုင်ငံတော်ပင်စင်ကို ကမ်းလှမ်းခဲ့ပါတယ်။ Duse က သူ့ရဲ့ပြဇာတ်အတွက် ရန်ပုံငွေ အသည်းအသန်လိုအပ်နေတာမို့ Mussolini ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပေမယ့် အစိုးရက သူ့ကို နိုင်ငံရေးရုပ်သေးရုပ်အနေနဲ့ အသုံးချနေတယ်ဆိုတာကို မသိခဲ့ပါဘူး။ Duse ရဲ့ ပြဇာတ်အပေါ် စွဲလမ်းမှုက သူမရဲ့ကျန်းမာရေးနဲ့ သူမ ချစ်ရတဲ့လူတွေနဲ့ ဆက်ဆံရေးတွေကိုပါ ဆုံးရှုံးစေခဲ့ပါတယ်။ ဒါပေမဲ့ ဘဝတစ်ခုလုံး နောက်ဆုံးထွက်သက်အထိ Duse က သူ့ရဲ့ပြဇာတ်အနုပညာအပေါ် အစွဲအလမ်းကြီးပြီး ဘယ်လောက်တောင် အရာအားလုံးပုံအပ်ခဲ့လဲဆိုတာကို ဒီအထုပတ္တိဒရမ်မာကားထဲမှာ မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ File size… (3 GB) / (1.7 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, History Duration…. 02:02:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း