The Quiet American
The Quiet American (2002) IMDb Rating (7.0) / Rotten Tomatoes (87%) သောမတ်စ်ဖောင်လာဟာ သက်ကြီးပိုင်း ဗြိတိန်သတင်းထောက်တစ်ယောက် ဖြစ်ပြီး ဘယ်ဘက်ကမှ ဝင်မပါပဲ ဘေးထွက်ရပ်တည်ချင်သူပါ။ သူက ဖောင် ဆိုတဲ့ ဗီယက်နမ်သူ မိန်းမငယ်လေးနဲ့အတူနေထိုင်ပါတယ်။ အချိန်ကာလကတော့ ၁၉၅၂ ဗီယက်နမ်စစ်ပွဲမဖြစ်ပွားခင် ဆိုင်ဂုံမြို့မှာဖြစ်ပြီး သောမတ်စ်ဟာ ပိုင်လ်ဆိုတဲ့အမေရိကန်လူငယ်တစ်ယောက်နဲ့ကော်ဖီဆိုင်တစ်ခုမှာဆုံခဲ့ပါတယ်။ သူစိမ်း တိုင်းပြည်တစ်ခုမှာ ဘာသာစကားတူသူတွေဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း သူတို့နှစ်ဦးဟာ အလျင်အမြန်ရင်းနှီးသွားခဲ့ကြပါတယ်။ ဒီလိုနဲ့သောမတ်စ်တစ်ယောက် ပိုင်လ်ကို သူနဲ့အတူနေ ဗီယက်နမ်မလေး ဖောင်နဲ့ မိတ်ဆက်ပေးလိုက်ချိန်မှာတော့ပိုင်လ်ဟာ ဖောင်ကိုမြင်မြင်ချင်း ချစ်ကျွမ်းဝင်သွားခဲ့ပြီး သုံးပွင့်ဆိုင်ဇာတ်လမ်းလေးတစ်ခုစတင်လာပါတော့တယ်။ ဇာတ်လမ်းရဲ့အပေါ်ယံကြောက ဒီလောက်ပဲဆိုပေမယ့် နောက်ခံမှာဖြစ်ပျက်နေတာတွေ အများကြီးပါဝင်ပါတယ်။ ကွန်မြူနစ်နဲ့ပြင်သစ်တွေကြားက အပြန်အလှန်ဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ကမ္ဘာကြီးရဲ့အဲ့ဒီအချိန်ကာလက ဖြစ်စဉ်တွေ၊ ဖြစ်ပွားနေတဲ့ ပြဿနာတွေမှာ အမေရိကန်ရဲ့ခြေထိုးမှုတွေကိုနောက်ခံမှာ သိုင်းဝိုင်းပြထားပြီး ဇာတ်ကိုခိုင်ခိုင်မာမာတည်ဆောက်ထားတာပါ။ ဝေဖန်ရေးသမားတွေအထူးချီးကျူးခဲ့ကြပြီး ဖောင်လာအဖြစ် သရုပ်ဆောင်တဲ့ Michael Caine ဟာအကောင်းဆုံးမင်းသားဆုကို အော်စကာမှာရော ရွှေကမ္ဘာလုံးမှာပါ ဆန်ကာတင်ဝင်ခဲ့ပြီး၊ နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်းတွေက ပေးတဲ့ဆုတွေမှာတော့ မင်းသားဆုရော အကောင်းဆုံး ဒါရိုက်တာဆုတွေကိုပါ ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပိုင်လ် နေရာက သရုပ်ဆောင်တဲ့ Brendan Fraser ဆိုရင်လည်း အဲ့ဒီမတိုင်ခင် The Mummy နဲ့ George of the Jungle လို အက်ရှင်ဟာသကားတွေမှာပဲမြင်တွေ့ခဲ့ရာကနေ အခုလို Serious ဖြစ်တဲ့ ဒရာမာဇာတ်ကောင်ကိုပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့အတွက် သူဟာ Pop-corn actor သက်သက်မဟုတ်ပဲသရုပ်ဆောင်စစ်စစ်တစ်ယောက်ဆိုတာ အခိုင်အမာသက်သေပြနိုင်ခဲ့ပါတယ်။ File size… (3.3 GB) / (1.6 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance,Thriller,War Duration…. 01:41:51 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း