ဇာတ်ကားများ ရွေးရန်

Walking To You

2025ဇာတ်ကားအမှတ် 4.9/10

တစ်ခါတလေ လူတစ်ယောက်ဆီကို လျှောက်သွားတဲ့ ခရီးဟာ... မိုင်ပေါင်းထောင်ချီ ရှည်လျားနိုင်ပေမဲ့ မေတ္တာစိတ်ရှိနေသရွေ့ ဘယ်အကွာအဝေးကမှ အတားအဆီး မဖြစ်နိုင်ပါဘူး ၂၀၂၅ ခုနှစ်ကထွက်ရှိထားတဲ့ Walking To You ရုပ်ရှင်လေးဟာ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်… ရောဂါဝေဒနာကို ရင်ဆိုင်နေရတဲ့ ကုလားအုတ်အဘိုးကို ကယ်တင်ဖို့ အဖြူရောင်ကုလားအုတ်တစ်ကောင်နဲ့အတူ ကီလိုမီတာ ၃,၀၀၀ ကျော် ခရီးနှင်တဲ့ ကလေးငယ်တစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဖြူစင်တဲ့ မေတ္တာကို အဓိကပုံဖော်ထားပါတယ်လှပကျယ်ဝန်းတဲ့ သဘာဝရှုခင်းတွေနဲ့အတူ မျှော်လင့်ချက်နဲ့မေတ္တာတရားကို တင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာ ကြည့်ရှုသူတိုင်းရဲ့ နှလုံးသားကို ထိမိစေမဲ့ စိတ်ခံစားမှုအပြည့်ရှိတဲ့ လက်ရာကောင်းတစ်ခု ဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ စားကျက်မြေမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေး ပျယ်ခယ့်ကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ် သူဟာ ကုလားအုတ်အဘိုးလို့ ခေါ်တဲ့ သက်ကြီးရွယ်အိုတစ်ယောက်နဲ့ အလွန်ရင်းနှီးပြီး တစ်နေ့မှာတော့ အဲဒီအဘိုးဟာ ပြင်းထန်စွာ နေမကောင်းဖြစ်ပြီး မြို့ပေါ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်ဆိုတာ သိလိုက်ရပါတယ်ပုံပြင်ထဲက အဖြူရောင်ကုလားအုတ်နို့က ရောဂါကို ကုသပေးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အဘိုးကို ကယ်တင်ချင်တဲ့ စိတ်ကြောင့် ပျယ်ခယ့်ဟာ အဖြူရောင်ကုလားအုတ်တစ်ကောင်ကို ခေါ်ဆောင်ပြီး စားကျက်မြေကနေ မြို့ကြီးအထိ ခရီးရှည်ကြီးကို စတင်လျှောက်လှမ်းပါတော့တယ် ခရီးတစ်လျှောက်မှာ အခက်အခဲမျိုးစုံ လူစိမ်းတွေရဲ့ အကူအညီနဲ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရပေမဲ့အဘိုးကို ပြန်တွေ့ချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့ သူဟာ ဘယ်တော့မှ လက်မလျှော့ခဲ့ပါဘူးနောက်ဆုံးမှာတော့ ပျယ်ခယ့်ဟာ သူချစ်တဲ့ ကုလားအုတ်အဘိုးနဲ့ ပြန်လည်ဆုံတွေ့နိုင်ပါ့မလား သူ့ရဲ့ ဖြူစင်တဲ့ မေတ္တာနဲ့ ဇွဲလုံ့လက အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ခံစားလိုက်ကြရအောင်နော် Filesize : 1.91 GB / 0.99 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : Drama , Adventure Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း