ဇာတ်ကားများ ရွေးရန်

Where the River Flows

2025ဇာတ်ကားအမှတ် 6.0/10110 မိနစ်

အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ 2025 ခုနှစ်က ထွက်ရှိထားတဲ့ ထိုင်ဝမ်ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ 1961 ခုနှစ်က ထိုင်ဝမ်မှာ ဖြစ်ခဲ့တဲ့ အလောင်းအပိုင်းပိုင်းခုတ်သတ်မှုတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နိုင်ငံရေး၊ အိမ်ထောင်ရေး၊ မိသားစု စတဲ့ ရသပေါင်းစုံကို အချိတ်အဆက်ရှိရှိ တင်ဆက်သွားတာ ဖြစ်ပါတယ်။ ရဲအရရှိ ကျောက်ကျီဝူနဲ့ သတင်းထောက်ကျန်းရှို့ရှို့တို့ဟာ အမျိုးသမီး အလောင်းအပိုင်းပိုင်းခုတ် စွန့်ပစ်မှုမှာ နောက်ကွယ်က အကြံအစည်ကြီးရှိနေတာကို သိရှိပြီးနောက် အမှန်တရားကို လက်တွဲဖော်ထုတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဒီအမှုနဲ့ ပတ်သက်ပြီး သဲလွန်စပေးနိုင်ရင် ဆုကြေးငွေ ချီးမြှင့်မှာဖြစ်ကြောင်း သတင်းလွှင့်ထားခဲ့ပါတယ်။ ဒါပေမဲ့ မထင်ထားဘဲ ကျောက်ကျီဝူရဲ့ အဖေဖြစ်သူ ဂျပန်တော်လှန်ရေးဗိုလ်ချုပ်ကြီး ကျောက်ကျစ်ရှန်းကို အဲဒီအမှုရဲ့ တရားခံအဖြစ် ဖမ်းဆီးသွားခဲ့ပါတယ်။ မီဒီယာတွေကလည်း သတင်းကို ကြီးသထက်ကြီးအောင် တင်ဆက်နေကြပြီး အမှုကြီးဟာလည်း ပိုရှုပ်ထွေးလာပါတယ်။ လူသတ်မှုရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ ဘယ်လိုအရှုပ်အထွေးမျိုးတွေ ရှိနေမလဲ...... တရားခံအစစ်ကရော ဘယ်သူလဲ...... ဘာလို့ လူတစ်ယောက်ကို ရက်စက်စွာ သတ်ဖြတ်ရတာလဲ...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် Filesize : 1.49 GB / 854 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mp4 Genres : History and Crime Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub )

ဇာတ်လမ်းအကြောင်း