ဇာတ်ကားများ ရွေးရန်

Love Is a Dog's Best Friend

2025ဇာတ်ကားအမှတ် 8.0/1080 မိနစ်

Love Is a Dog's Best Friend (2025) +++++++++++++++ ဒီကားဟာ ပြီးခဲ့တဲ့နှစ်ကမှ ထွက်ရှိထားတဲ့ ကနေဒါနိုင်ငံထုတ် အချစ်ဟာသ (Romance / Comedy) ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ခွေးချစ်တတ်သူတွေအကြိုက် Feel-good အမျိုးအစားဖြစ်ပြီး ကြည့်ရင်းနဲ့ စိတ်အပန်းပြေစေမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် လီလီ (Lily) ဟာ တော်လှပါတယ်ဆိုတဲ့ ပွဲစီစဉ်သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အမေ ဆုံးပါးသွားပြီးတဲ့နောက်ပိုင်း ဘဝကို အဆင်ပြေပြေ ပြန်လည်ပတ်နိုင်ဖို့အတွက် အသည်းအသန် ကြိုးစားနေရသူ ဖြစ်ပါတယ်။ အဲဒီလို ရုန်းကန်နေရတဲ့အချိန်မှာပဲ သူဟာ ဗယ်လင်တိုင်း (Valentine) လို့ နာမည်ပေးထားတဲ့ အရမ်းသောင်းကျန်းပြီး တဇောက်ကန်းဆိုးလှတဲ့ ခွေးလေးတစ်ကောင်ကို ခေတ္တယာယီမွေးစားလိုက်မိပါတော့တယ်။ ခွေးလေး ဗယ်လင်တိုင်းရဲ့ ဆိုးသွမ်းမှုတွေကြောင့် လီလီ့ဘဝဟာ ပိုပရမ်းပတာဖြစ်ကာ ခေါင်းခဲရပေမယ့် ထူးဆန်းတာက ဒီခွေးလေးကြောင့်ပဲ သူငယ်ချင်းအသစ်တွေ ရလာပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ အခွင့်အရေး ရလာခဲ့ပါတယ်။ အဲဒီနောက် လီလီဟာ ကုမ္ပဏီရဲ့ အရေးကြီးဆုံး ဂါလာပွဲကြီးတစ်ခုကို စီစဉ်ဖို့ တာဝန်ကျလာတဲ့အချိန်မှာ ခွေးလေးကို လိမ္မာအောင် ဝိုင်းသင်ပေးဖို့ ရောက်လာတဲ့ ခွေးသင်တန်းဆရာ ရှိန်း (Shane) နဲ့ ဆုံတွေ့ခွင့် ရလိုက်ပါတော့တယ်။ စိတ်သဘောထား နူးညံ့ပြီး ခွေးတွေကို ကောင်းကောင်းနားလည်တဲ့ ရှိန်းက ခွေးလေး ဗယ်လင်တိုင်းကို လိမ္မာအောင် သင်ကြားပေးရင်းနဲ့ တစ်ဖက်မှာလည်း အမေဆုံးရှုံးလို့ စိတ်ဒဏ်ရာရပြီး အချစ်ကို ကြောက်နေတဲ့ လီလီ့ကို စိတ်ရှည်လက်ရှည် ကူညီပေးရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ တဖြည်းဖြည်း တိုးလာကြပါတယ်။ ခွေးဆိုးလေးရဲ့ ကြားခံပေးမှုကြောင့် လီလီတစ်ယောက် ဘဝမှာ အချစ်သစ်ကို ပြန်လည်ရှာဖွေတွေ့ရှိသွားမလားဆိုတာကို ချစ်စရာကောင်းတဲ့ ခွေးလေးရဲ့ အမူအရာတွေနဲ့အတူ ပေါ့ပေါ့ပါးပါးလေး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ မင်းသား Ben Hollingsworth နဲ့ မင်းသမီးချော Arielle Kebbel တို့ရဲ့ အိုက်တင်က တော်တော်လေး လိုက်ဖက်ညီသလို၊ ပါဝင်တဲ့ ခွေးလေးရဲ့ ကမောက်ကမ ဟာသဇာတ်ကွက်တွေကြောင့် စိတ်မညစ်ရဘဲ မျက်စိပသာဒဖြစ်ဖြစ်၊ ပျော်ပျော်ပါးပါး ကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ File Size… (1.21GB) / (651MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 30m Genre ….Comedy , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း