ဇာတ်ကားများ ရွေးရန်

Final Diagnosis

2025ဇာတ်ကားအမှတ် 6.6/1092 မိနစ်

Final Diagnosis (2025) ဆရာဝန်လေးယောက်က ပြန်ပေးဆွဲခံရပြီး မြေအောက်ခန်းတစ်ခုမှာ ပိတ်မိလျက်သား နိုးလာခဲ့ကြပါတယ်။ သူတို့လေးယောက်လုံးက သူတို့ရဲ့ဆရာဝန်လုပ်ငန်း ပျက်ဆီးခဲ့ကြတဲ့ အမေရိကန်သားတွေပါ။ သူတို့သိလိုက်ရတာ‌ကတော့ လျှိ့ဝှက်အစိုးရအေဂျင်စီတစ်ခုက သူတို့ကို ဥရောပရဲ့ မြေအောက်ခန်းကြီးတစ်ခုမှာ ပိတ်ထားတယ်ဆိုတာပါပဲ။ သူတို့ကို ဖမ်းထားတဲ့အေဂျင်စီမှာ စည်းမျဉ်းတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲထားတဲ့ ဆရာဝန်လေးယောက်က သူတို့ရဲ့ သေခါနီးဖြစ်နေတဲ့ spy တစ်ယောက်ကို ရောဂါရှာပြီး ကုပေးဖို့ပါ။ ရောဂါ‌ရှာပြီး ကုနိုင်ရင် လွှတ်ပေးမယ် မကုနိုင်ရင် သေရပါမယ်တဲ့။ ဆရာဝန်လေးယောက်လုံးက အရမ်းထူးချွန်တဲ့ဒေါက်တာတွေ ဖြစ်ကြပေမဲ့ တစ်ယောက်ချင်းစီမှာ ဆေးစွဲတာ၊ ဒေါသကြီးတာ စတဲ့ ပြဿနာတွေကိုယ်စီ ရှိကြပြီးတော့ ‌လူနာရောဂါကိုရှာတဲ့ ခရီးစဉ်တစ်ယောက်လုံး အချင်းချင်း လုံးဝမတည့်ကြပါဘူး။ ဒီလိုနဲ့ ကိုယ့်အသက်ကိုယ်ကယ်ဖို့ ကြိုးစားနေကြတဲ့ ဆရာဝန်လေးယောက်က ပိတ်မိနေတဲ့ မြေအောက်ခန်းထဲမှာပဲ သေခါနီးလူနာကို ရောဂါရှာဖွေဖို့ ဘယ်လိုအဆင့်ဆင့်ခေါင်းစားပြီး အဖြေရှာကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ psychological thriller တစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.1 GB) / (630 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:32:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း