ဇာတ်ကားများ ရွေးရန်

Ether's Paradise

2025ဇာတ်ကားအမှတ် 5.0/1086 မိနစ်

Ether's Paradise (2025) ဒီဇာတ်ကားကတော့ ကိုဗစ်ကာလနှောင်းပိုင်းမှာရိုက်ကူးထားတဲ့ အင်ဒီဇာတ်ကားတစ်ကားဖြစ်ပြီး ရိုးရှင်းပေမယ့် အရမ်းစိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ရှုသူတွေ လိုက်ပါစီးမျောနိုင်အောင်ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရက်ဆဲလ် အာရီယာဟာ တစ်ချိန်က မိန်းမရှုပ်တဲ့ကိစ္စကြောင့် ဇနီးဖြစ်သူနဲ့ အိမ်ထောင်ကွဲထားပြီး သမီးဖြစ်သူနဲ့အတူ ထိုင်းနိုင်ငံကိုထွက်လာတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ အမေရိကနိုင်ငံလို ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကနေ အရှေ့တောင်အာရှရဲ့ ခရီးသွားအများဆုံး မြို့ပြနိုင်ငံလည်းဖြစ် ဒေသန္တရတောတောင်ရေမြေတွေအပြည့်နဲ့ ယဉ်ကျေးမှုပြည့်နှက်နေတဲ့ ထိုင်းနိုင်ငံလို ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံကို ရောက်လာတဲ့အချိန်မှာ ရက်ဆဲလ်ကော ဆစ်ဒနီကော အံ့ဩမှင်သက်သွားရပါတယ်။ စိတ်မကောင်းစွာနဲ့ ရက်ဆဲလ်ဟာ အမေရိကမှာ ဘာမှမဟုတ်တဲ့လူဖြစ်ပေမယ့် တစ်ချိန်ကမိန်းမပွေတဲ့အကျင့်ရှိတဲ့အလျောက် ထိုင်းလိုမျိူး တောနယ်တွေရှိတဲ့နိုင်ငံတစ်နိုင်ငံကိုရောက်လာတဲ့အခါမှာ သူ့ရဲ့စာရိတ္တပျက်ပြားမှုတွေ ပြန်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါကိုသိနေပေမယ့်လည်း ဘာမှမလုပ်နိုင်တဲ့ ဆစ်ဒနီလေးဟာ ချင်းမိုင်မှာနေတဲ့အချိန်အတွင်း ထိုင်းနိုင်ငံသားတစ်ယောက်ဖြစ်တဲ့ အီသာနဲ့ကြုံကြိုက်တွေ့ဆုံမိပြီး ချစ်တင်းနှောခဲ့ပါတယ်။ ဒါကို ဖခင်ဖြစ်သူကသိသွားတဲ့အချိန်မှာ သမီးရဲ့အချစ်ဇာတ်လမ်းကို အတင်းဖျက်ပြီး မြို့ပြဘန်ကောက်ကို ပြောင်းသွားကာ သမီးကို သူပဲမိုက်တော့ သူ့ကလေးတော့ပျက်စီးမခံဘူးဆိုပြီး တစ်ကိုယ်ကောင်းဆန်ဆန် ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ File size… (1.4 GB) / (760 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:26:00 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း