Me Before Me (aka) Aku Sebelum Aku
Me Before Me (2026) IMDb Rating (6.2) ဂျာတီဟာ စာတော်ပြီးထူးချွန်ပေမယ့် ဘယ်လိုကြိုးစားကြိုးစား အားမရနိုင်တဲ့ ဖခင်ဖြစ်သူရဲ့ဖိအားတွေကြောင့်အမြဲလိုလိုစိတ်ဖိစီးနေရပြီး လူမှုဆက်ဆံရေးမှာချို့ယွင်းလာပါတယ်။ တစ်နေ့တော့ ကျောင်းက ပေးလာတဲ့ မိသားစုရာဇဝင်နောက်ကြောင်းပြန် ကျောင်းပရောဂျက်တစ်ခုကနေ ဂျာတီတစ်ယောာက် သူတို့ မိသားစုထဲက ရှုပ်ထွေးလှတဲ့ ပြဿနာတွေလျှို့ဝှက်ချက်တွေကို ရင်ဆိုင်ဖော်ထုတ်ရပါတော့တယ်။ အဲ့ဒီကနေတစ်ဆင့်မှ သူ့အဖေရဲ့စိတ်ဒဏ်ရာတွေ၊ အနာဟောင်းတွေကိုသိမြင်နားလည်လာပြီး သူ့အသိစိတ်ဉာဏ်မှီသလောက်လေးနဲ့ ကူညီဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ တစ်ချို့ရုပ်ရှင်တွေက မိဘနဲ့သားသမီးဆက်ဆံရေးကိုငယ်စဉ်ကတည်းက စတင်ပြလေ့ရှိပြီး တစ်ချို့ကျတော့ ဆယ်ကျော်သက်အရွယ်မှဇာတ်လမ်းကိုစတင်ပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ ကလေးလည်းမဟုတ်တော့သလို လူကြီးတစ်ယောက်ဖြစ်ရတာ ဘယ်လိုလဲဆိုတာ စတင်နားလည်လာတဲ့ အရေးပါတဲ့ အပြောင်းအလဲ ကာလတစ်ခုပါ။ ဒီကာလမှာ ဆယ်ကျော်သက်အများစုဟာ အယူအဆ၊ အမြင်၊ လူနေမှုပုံစံ၊ ပေါင်းသင်းဆက်ဆံရေး စတဲ့ကွဲပြားမှုတွေကြောင့် မိဘတွေနဲ့မကြာခဏ သဘောထားကလွဲလွဲလေ့ရှိကြပါတယ်။ ဒီလိုကိစ္စမျိုးတွေကိုအခြေခံထားတဲ့ ရုပ်ရှင်တွေရဲ့ တန်ဖိုးတစ်ခုက စိတ်ကူးယဉ်ဇာတ်ကောင်တွေအကြောင်း ရိုက်ပြထားတာမဟုတ်ပဲ ပရိသတ်တွေကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းဖူးတဲ့ ဖြစ်ရပ်မှန်တွေဖြစ်ပြီး မိမိတို့ကိုယ်တိုင်အတွက်ပါ အဖြေတစ်ခုရှာတွေ့နိုင်စွမ်းရှိနေတာပါပဲ။ Me Before Me ဟာ အဲ့ဒီလိုရှားရှားပါးပါး ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.5 GB) / (970 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 02:07:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း