ဇာတ်ကားများ ရွေးရန်

Homage

2026ဇာတ်ကားအမှတ် 5.0/1091 မိနစ်

Homage (2026) Marvel စီးရီး Cloak & Dagger နဲ့ The Walking Dead တို့မှာလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားကြီး Miles Mussenden ကိုယ်တိုင် ဒါရိုက်တာ၊ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပြီး street အက်ရှင်အငွေ့အသက်တွေနဲ့ ကားကောင်းတစ်ခုဖြစ်ပါတယ် လမ်းမထက်က သွေးထွက်သံယို လူမိုက်ဘဝကို စွန့်လွှတ်ပြီး လူ့အဖွဲ့အစည်းထဲမှာပဲ အေးအေးချမ်းချမ်း နေထိုင်ဖို့ ကြိုးစားနေတဲ့ ပြုပြင်ပြောင်းလဲပြီးသား ဂိုဏ်းစတားဟောင်းကြီး "မာကပ်စ်"အကြောင်းကနေ စတင်ထားပါတယ်။ မာကပ်စ်ဟာ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး မိသားစုနဲ့ ဘဝသစ်ကို တည်ဆောက်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့... အတိတ်က အမှုတွဲတစ်ခုကြောင့် သူ့ကိုယ်စား ထောင်နှစ်ရှည်ကျခံခဲ့ရပြီး ထောင်က လွတ်မြောက်လာတဲ့ သူ့ရဲ့ သူငယ်ချင်းဟောင်းကြီးတစ်ဦး ရုတ်တရက် ရောက်ရှိလာပါတော့တယ် မာကပ်စ်ဟာ သစ္စာတရားအရ စွန့်စားကူညီခဲ့ပေမဲ့ . နောက်ပိုင်းမှ ထိုသူငယ်ချင်းဟောင်းနောက်ကွယ်မှာ ပတ်သက်နေတဲ့ မြေအောက်ရာဇဝတ်ဂိုဏ်းရဲ့ ကြောက်စရာကောင်းတဲ့ အစီအစဉ်တွေကို သိရှိသွားပါတော့တယ်။Snowfall စီးရီးလိုမျိုး... အမေရိကန် လူမည်းအသိုင်းအဝိုင်းက လမ်းမထက်က ရာဇဝတ်မှုတွေ၊ သစ္စာဖောက်မှုတွေနဲ့ ဥပဒေမဲ့ လှည့်ကွက်တွေကို ပီပီပြင်ပြင် ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ

ဇာတ်လမ်းအကြောင်း