ဇာတ်ကားများ ရွေးရန်

The Last Flight

2026ဇာတ်ကားအမှတ် 6.5/10111 မိနစ်

Penerbangan Terakhir(2026) အင်ဒိုနီးရှား ဒရမ်မာရုပ်ရှင်တွေကို အကောင်းဆုံး ပုံဖော်လေ့ရှိတဲ့ ဒါရိုက်တာ Benniက ရိုက်ကူးပုံဖော်ထားတဲ့ လေကြောင်းလိုင်း ဝန်ထမ်းတွေကြားထဲက အချစ်ဇာတ်လမ်းကိုဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ဇာတ်လမ်းကတော့ သူပိုင်ဆိုင်တဲ့ လေကြောင်းလိုင်းမှာတင်မကဘဲ တစ်လောကလုံးက မိန်းကလေးတွေ ဝိုင်းဝိုင်းလည် အားကျရတဲ့ ခန့်ညားပြီး ညို့ဓာတ်ပြင်းလှတဲ့ လေယာဉ်မှူးကြီး "ကပ္ပတိန် ဒေဗာ" အကြောင်းကနေ စတင်ထားပါတယ်။ ကပ္ပတိန် ဒေဗာဟာ အပြင်ပန်းမှာတော့ အလွန်ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ဦးလို ဟန်ဆောင်ထားပေမဲ့... လက်တွေ့မှာတော့ မိန်းကလေးတွေရဲ့ စိတ်ကို ကောင်းကောင်းကစားတတ်ပြီး စိတ်ပိုင်းဆိုင်ရာ မြူဆွယ် ခြယ်လှယ်တတ်တဲ့ ယောက်ျားတစ်ဦး ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ လေကြောင်းလိုင်းက လေယာဉ်မယ် အမြောက်အမြားကို ဂရုစိုက်မှုတွေပြပြီး သူ့ဘက်ပါလာအောင် လက်ဆောင်တွေနဲ့ Love-bomb လုပ်ပြီး အပျော်တွဲတတ်တဲ့ ပလေးဘွိုင်းမျိုးပါ.. ဒါပေမဲ့ အဆိုပါ လေယာဉ်မယ်တွေထဲက နှစ်ယောက်က ဒေဗာရဲ့ လှည့်ကွက်တွေကို ရိပ်မိသွားကြတဲ့အခါမှာတော့... သူတို့တွေဟာ ဒေဗာရဲ့ မျက်နှာဖုံးကို ခွာချဖို့နဲ့ ကလဲ့စားချေဖို့ ကြိုးစားပါတော့တယ်။ ကပ္ပတိန် ဒေဗာရဲ့ အချစ်ကစားပွဲဟာ နောက်ဆုံးမှာတော့ ဘယ်လိုမျိုး အဆုံးသတ်သွားမလဲဆိုတာကို ရှုစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း