ဇာတ်ကားများ ရွေးရန်

Heartstopper Forever

2026ဇာတ်ကားအမှတ် 6.7/10111 မိနစ်

Heartstopper Forever (2026) ++++++++++++++++ Netflix ရဲ့ နာမည်ကျော် BL Series Heartstopper ပရိသတ်တွေအတွက် အားလုံး မျှော်နေကြတဲ့ Nick နဲ့ Charlie တို့ရဲ့ ဇာတ်သိမ်းပိုင်း ရုပ်ရှင်ကားကြီး ထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ဟာ အထက်တန်းကျောင်းသားဘဝကနေ အရွယ်ရောက်လာပြီး တက္ကသိုလ်တက်ရတော့မယ့် Nick နဲ့ Charlie တို့ရဲ့ ဆက်ဆံရေးကို အချိုးအကွေ့ အဓိကအနေနဲ့ ပြသသွားမှာပါ။ Nick တစ်ယောက် တက္ကသိုလ်တက်ဖို့ ပြင်ဆင်နေချိန်မှာ Charlie ကတော့ ကျောင်းမှာ တာဝန်အသစ်တွေနဲ့ လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းဖို့ ကြိုးစားလာပါတယ်။ သူတို့နှစ်ဦးကြားထဲကို အဝေးရောက်ချစ်သူတွေ ကြုံတွေ့ရလေ့ရှိတဲ့ LDRS (Long-Distance Relationship) ရဲ့ အခက်အခဲတွေနဲ့ စိုးရိမ်ပူပန်မှုတွေက ဝင်ရောက် လွှမ်းမိုးလာပါတယ်။ ဒီတစ်ခါမှာ ဇာတ်လမ်းတွဲ မဟုတ်ဘဲ ရုပ်ရှင်အဖြစ် ဖန်တီးထားတာမို့ ပိုပြီးတော့လည်း ရင့်ကျက်တဲ့ အချစ်ဇာတ်ဝင်ခန်းတွေ ပါဝင်လာသလို၊ သူတို့သူငယ်ချင်းတစ်သိုက်ရဲ့ အနာဂတ် ရုန်းကန်ရမှုတွေကိုပါ ရသစုံစုံလင်လင် ခံစားရမှာပါ။ ကလေးဘဝကနေ လူကြီးဘဝကို ကူးပြောင်းချိန်မှာ ပထမဆုံး အချစ်စစ်ဟာ ထာဝရ တည်မြဲနိုင်ပါ့မလားဆိုတာကို မျက်ရည်ဝဲစရာ၊ ကြည်နူးစရာတွေနဲ့အတူ အဖြေရှာကြည့်ရမှာ ဖြစ်ပါတယ်။ အချစ်အလွမ်းနဲ့ ဘဝအဓိပ္ပာယ်ကို ဖော်ညွှန်းထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကောင်းလေးကို လက်မလွှတ်တမ်း စောင့်မျှော်ကြည့်ရှုဖို့ ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.68GB) / (959MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 54m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း