ဇာတ်ကားများ ရွေးရန်

Metamorfosi dell'essere

2025ဇာတ်ကားအမှတ် 4.6/10105 မိနစ်

Metamorfosi Dellessere (2025) ဆာဒီးနီးယားကျွန်းက မြိုတစ်မြိုမှာ မိန်းကလေးတွေကို ပစ်မှတ်ထားတဲ့ ရက်စက်တဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ ဒီအမှုကိုစုံစမ်းဖို အတွေ့အကြုံရှိ​ပေမဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတတ်တဲ့ စုံထောက် "အန်နာ" နဲ့ လုပ်ဖော်ကိုင်ဖက် "ဗားဂတ်စ်" တိုက တာဝန်ယူရပါတယ် ဒီအမှုက အန်နာအတွက်တော့ ရိုးရိုးအမှုတစ်ခုမဟုတ်ဘဲ အသတ်ခံလိုက်ရတဲ့ မိန်းကလေးတွေထဲမှာ သူ့ရဲ့ ညီမလေးအရင်းပါ ပါနေခဲ့တာပါ ကိုယ်ရေးကိုယ်တာဘဝနဲ့ပါ ဆက်နွယ်လာတဲ့အခါ စိတ်ခံစားချက်နဲ့ တာဝန်ဝတ္တရားကြားမှာ ခက်ခဲတဲ့ ရွေးချယ်မှုတွေကို ရင်ဆိုင်ရပါတော့တယ် အန်နာနဲ့ဗားဂတ်စ်တိုနှစ်ယောက် ရောထွေးရှုပ်ထွေးနေတဲ့ သဲလွန်စတွေကို လိုက်စုံစမ်းရင်း တရားခံအစစ်အမှန်ကို ဖမ်းဆီးနိုင်ဖို ကြိုးစားကြရပါတယ်။ အမှုရဲ့နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖိုကြိုးစားရင်း လျှိဝှက်ချက်တွေ ယုံကြည်မှုနဲ့ ဥပဒေကြားက ပဋိပက္ခတွေကို ရင်ဆိုင်ရင်းနဲ့ အန်နာတစ်ယောက် တရားခံဖော်ထုတ်ဖိုအတွက် ဘယ်လို စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်သွားမလဲ၊ သူ့ရဲ့ နာကြည်းချက်တွေက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ Thriller ဇာတ်လမ်းကောင်းတွေကို နှစ်သက်ပြီး စုံထောက်ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်သူတွေ မဖြစ်မနေကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း