ဇာတ်ကားများ ရွေးရန်

Succede in una notte

2025ဇာတ်ကားအမှတ် 5.6/10

Succede in una notte (2025) Before Sunrise သို့မဟုတ် After Hours တို့လိုမျိုး ညတစ်ညတာ အချိန်ကာလအတွင်းမှာပဲ ဇာတ်လမ်းတစ်ခုလုံးကိုရိုက်ပြထားတဲ့ အီတလီ Drama ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ နေဝင်ပြီးနောက်ပိုင်း ရောမမြို့ပြရဲ့ ညဉ့်နက်ပိုင်းအချိန်မှာ စတင်ထားပါတယ်။ ကိုယ်ပိုင် ဘဝပြဿနာများ၊ စိတ်ဒဏ်ရာများနှင့် လမ်းပျောက်နေကြသော လူငယ်များရဲ့ ဘဝဆုံမှတ်တစ်ခုမှာ ညတစ်ညအတွင်း ရုတ်တရက် ဆုံစည်းသွားခြင်းမှ အစပြုပါထားပါတယ် အဆင်မပြေမှုများကြားမှ စတင်ခဲ့သော အဆိုပါ ညတစ်ညအတွင်းမှာ မထင်မှတ်ထားသော ဆုံတွေ့မှုများ၊ လျှို့ဝှက်ချက်များ ပွင့်ထွက်လာမှုများနှင့် ရယ်စရာ၊ ရင်နင့်စရာ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်လာပါတယ် မနက်မိုးလင်းလာတဲ့အခါမှာတော့... ညက ရှိခဲ့တဲ့ သူတို့ ဘဝများနှင့် တွေးခေါ်ယူဆချက်များလည်း အပြီးတိုင် ပြောင်းလဲသွားခဲ့ပြီး၊ ညတစ်ညတာရဲ့ ဆုံတွေ့မှုမှတဆင့် ဘဝအတွက် အဓိပ္ပာယ်သစ်ကို ရှာဖွေတွေ့ရှိသွားပုံကို ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ

ဇာတ်လမ်းအကြောင်း