ဇာတ်ကားများ ရွေးရန်

Singular

2025ဇာတ်ကားအမှတ် 5.3/10100 မိနစ်

Singular (2025) ​လူသားတွေရဲ့ စိတ်ကူးအိပ်မက်တွေကို ပြောင်းလဲပစ်နိုင်လောက်တဲ့ အံ့အားသင့်စရာ နည်းပညာစမ်းသပ်မှုတစ်ခုကို သုတေသနပညာရှင်အဖွဲက လျှိဝှက်စွာ စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစမ်းသပ်မှုဟာ သဘာဝတရားရဲ့ နိယာမတွေကို သွားရောက်စိန်ခေါ်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ​အောင်မြင်မှုနဲ့အတူ ကပ်ပါလာတာကတော့ မမျှော်လင့်ထားတဲ့ "အမှောင်ထု" တစ်ခုပါပဲ AI သုတေသနပညာရှင် "ဒိုင်ယာနာ" ကတော့ ကလေး ဆုံးရှုးခဲ့ရတဲ့ အတိတ်ဆိုးကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရင်း ၁၂ နှစ်အကြာမှာ အရင်ယောကျာ်း "မာတင်" ရဲ့ ရေကန်ဘေးအိမ်မှာ တနင်္ဂနွေအားလပ်ရက်အဖြစ် တွေ့ဆုံဖို ချိန်းခဲ့ကြပါတယ် လမ်းခရီးမှာ ဒိုင်ယာနာဟာ လိုင်းမမိတဲ့တောထဲမှာ မတော်တဆဖြစ်ခဲ့ပြီး သတိလစ်နေတဲ့အချိန် မာတင် ရောက်လာခဲ့ပြီး အိမ်လေးဆီကို ခေါ်သွားခဲ့ပါတယ် အဲဒီအိမ်မှာ သူတိုရဲ့အတိတ်ကို အမှတ်ရစေမဲ့ လျှိဝှက်ဆန်တဲ့ လူငယ်တစ်ယောက် ပေါ်လာပြီး သူတိုရဲ့ဘဝကို မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ပြောင်းလဲစေခဲ့ပါတယ် ဒိုင်ယာနာက​တော့ သူ မြင်တွေ့နေတဲ့အရာတွေက တကယ်ပဲလား ဒါမှမဟုတ် နည်းပညာနဲ့ ပတ်သက်နေတဲ့ လျှိဝှက်ချက်တစ်ခုလားဆိုတာကို စတင်စုံစမ်းရပါတော့တယ်။ အမှန်တရားကို ရှာဖွေသွားရင်း AI နည်းပညာ၊ လူသားရဲ့ မှတ်ဉာဏ်၊ အချစ်နဲ့ ဆုံးရှုးမှုကြားက ကမ္ဘာကြီးတစ်ခုလုံး ပြောင်းပြန်လှန်သွားမယ့် အန္တရာယ်နဲ့ ရင်ဆိုင်လိုက်ရတဲ့အခါ…

ဇာတ်လမ်းအကြောင်း