ဇာတ်ကားများ ရွေးရန်

Dante y Soledad

2025ဇာတ်ကား92 မိနစ်

Dante y Soledad (2025) ဇာတ်လမ်းကတော့ မိမိ ဘဝ၊ အလုပ်နှင့် လူနေမှုပုံစံတစ်ခုလုံးကို စနစ်တကျ စီမံခန့်ခွဲ ထိန်းချုပ်ထားတဲ့ အမျိုးသမီးကြီး "အိနက်စ်" အကြောင်းမှ စတင်ထားပါတယ်။ အရာရာကို ပိုင်ပိုင်နိုင်နိုင် ရှိလှသည့် သူမ ဘဝထဲသို့ ပထမဆုံး ရင်သွေး ရောက်ရှိလာတဲ့အခါမှာတော့... လက်တွေ့ မိခင်ဘဝဟာ သူမ စိတ်ကူးယဉ် မျှော်လင့်ထားသလို မဟုတ်ဘဲ စိတ်ဖိစီးမှုများ၊ ထိန်းချုပ်မရမှုများနှင့် ပြည့်နှက်နေခဲ့ပါတော့တယ် မိခင်ဘဝအစရဲ့ စိတ်ဓာတ်ကျမှုနဲ့ မွန်းကျပ်မှုများကြားမှာ ရုန်းကန်နေရစဉ်... အိမ်ထဲရှိ ငါးကန်အတွင်း ကူးခတ်နေကြသည့် "ဒန်တေး" နှင့် "ဆိုလီဒဒ်" လို့ အမည်ရတဲ့ ရေငန်ငါးတစ်စုံရဲ့ ပြုမူနေထိုင်ပုံများကို အိနက်စ်တစ်ယောက် အကဲခတ်မိသွားပါတယ်။ ထိုငါးလေးနှစ်ကောင်ရဲ့ လှုပ်ရှားမှုများဟာ အိနက်စ်အတွက် မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုရာ မှန်ချပ်တစ်ခုလို ဖြစ်လာခဲ့ပြီး... အရာရာကို အတင်းအကြပ် ထိန်းချုပ်ချင်သည့် စိတ်ကို စွန့်လွှတ်ကာ လက်တွေ့ ဘဝသစ်စိန်ခေါ်မှုများဆီသို့ စီးမျောလက်ခံနိုင်ရန် စိတ်သင်ခန်းစာ ရရှိသွားပုံကို အနုစိတ် ရိုက်ပြထားပါတယ်

ဇာတ်လမ်းအကြောင်း