ဇာတ်ကားများ ရွေးရန်

The Furious

2026ဇာတ်ကားအမှတ် 6.5/10106 မိနစ်

The Furious: Pertaruhan Maruah (2026) မွေထိုင်းနဲ့ဘောက်ဆင်အပိုင်းတွေကို အခြေခံပြီး ရိုက်ပြထားလို့ အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် လုံးဝ အကြိုက်တွေ့စေမဲ့ ကားဖြစ်ပါတယ် ဇာတ်လမ်းကတော့ Danial ဆိုတဲ့ နာမည်ကြီး YouTuber/Boxer ကောင်လေးတစ်ယောက်ဟာ... ကွယ်လွန်သွားပြီဖြစ်တဲ့ မလေးရှားဘောက်ဆင်ဂန္ထဝင်ကြီးရဲ့ ဂုဏ်သတင်းကို လူမှုကွန်ရက်ပေါ်မှာ လူသိရှင်ကြား စော်ကားပြောဆိုလိုက်တာကနေ စတင်ထားပါတယ်။ ဒီလို စော်ကားခံလိုက်ရတဲ့အခါ... ကြာမြင့်စွာ ခွဲခွာနေခဲ့ကြတဲ့ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ Firdaus နဲ့ Hakim တို့ ပြန်လည်ဆုံစည်းခဲ့ကြရပါတယ်။ အစ်ကိုဖြစ်သူ Firdaus ကတော့ အတိတ်က အမှားတွေကို ပြန်လည်ပြင်ဆင်ပြီး မိသားစုသိက္ခာကို သိက္ခာရှိရှိ ပြန်လည်ဆယ်ယူဖို့ ကြိုးစားချင်ပေမဲ့... ညီဖြစ်သူ Hakim ကတော့ ဒေါသတကြီးနဲ့ ကလဲ့စားချေဖို့သာ အာရုံစိုက်နေခဲ့ပါတယ်။ မတူညီတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့ အတူတူ ထွက်ပေါ်လာကြတဲ့ ဒီညီအစ်ကိုနှစ်ဦးဟာ... "The Furious" ဆိုတဲ့ သူတို့မိသားစုရဲ့ ဘောက်ဆင်အမွေကို ထိန်းသိမ်းဖို့ စိန်ခေါ်သူ Youtuber ဘောက်ဆင်သမား ဒန်နီရယ်ကို တိုက်ပွဲဝင်ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း