ဇာတ်ကားများ ရွေးရန်

Time of Cinema

2026ဇာတ်ကားအမှတ် 6.5/1095 မိနစ်

Time of Cinema (2026) IMDb Rating (6.5) ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏတာ မေ့ပျောက်စေပြီး ရယ်မောလိုက်၊ ငိုလိုက်နဲ့ တခြားသူတွေရဲ့ ကမ္ဘာထဲကို ဝင်ရောက်ခံစားခွင့်ပေးတာက ရုပ်ရှင်တွေပါပဲ။ နေ့စဉ်ဘဝထဲက ခွဲထုတ်လို့မရတဲ့ အဖော်လို့တောင် ဆိုလို့ရလောက်တဲ့ ရုပ်ရှင်တွေကို ချစ်မြတ်နိုးသူများရဲ့အကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ လက်ရှိပြသနေတဲ့ The Husband ထဲက မင်းသား Kim Dae-Myung၊ Pavane ထဲက မင်းသမီး Ko A-Sung၊ A Killer Paradox ထဲက မင်းသမီးကြီး Yang Mal-Bok နဲ့ Parasite ထဲက မင်းသမီးကြီး Jang Hye-Jin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့... ငယ်စဉ်က ဖတ်ဖြစ်ခဲ့တဲ့ ချင်ပန်ဇီ ဇာတ်လမ်းလေးကို ရုပ်ရှင်ရိုက်ကူးဖြစ်သွားတဲ့ ဒါရိုက်တာ ဂိုဒို (Kim Dae-Myung)... ပူပြင်းတဲ့ နွေရာသီရိုက်ကွင်း တစ်ခုမှာ ပိုမို သဘာဝကျကျ သရုပ်ဆောင်နိုင်ဖို့ ကြိုးစားပုံဖော်နေကြတဲ့ ကလေးသရုပ်ဆောင်တွေနဲ့ သူတို့ရဲ့ ဒါရိုက်တာမလေး (Ko A-Sung)... အချိန်အတော်ကြာမှ ချွန်းချောင်းကနေ ဆိုးလ်ကို အလည်လာရင်း ရုပ်ရှင်ရုံမှာ အထက်တန်းကျောင်းနေဖက် သူငယ်ချင်းဟောင်းနဲ့ ပြန်လည်ဆုံစည်းဖြစ်တဲ့ ယောင်းဟွာ (Yang Mal-Bok)... ဒီလို ရုပ်ရှင်လောကထဲမှာ တိုက်ရိုက် ကျင်လည်နေသူတွေအတွက်ရော၊ တစ်ခါတလေဖြစ်ဖြစ် မကြာခဏဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရတာကို ဝါသနာပါတဲ့သူတွေအတွက်ပါ ရုပ်ရှင်တွေဟာ နေ့စဉ်ဘဝထဲကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေလဲဆိုတာကို အပိုင်း (၃) ပိုင်း ခွဲပြီး ရသစုံလင်စွာနဲ့ တင်ဆက်ပြထားပါတယ်။ မိုးအေးအေးလေးထဲ အေးအေးငြိမ်ငြိမ့် ခံစားကြည့်ရှုလို့ရမဲ့ အနုပညာသရုပ်ဖော်ဇာတ်ကားလေးမို့လို့ ရုပ်ရှင်ချစ်သူများလည်း အခုပဲ လက်မလွတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ File Size : 2.36GB/ 800MB Quality : NF WEB-DL 1080p 5.1CH/ 720p Format : mp4 Duration : 1hr 35m Genre : Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း