ဇာတ်ကားများ ရွေးရန်

Seishun Gestalt Houkai

2025ဇာတ်ကားအမှတ် 4.5/10105 မိနစ်

ဂျပန်မှာ အထက်တန်းကျောင်းသူကျောင်းသားလေးတွေက ပတ်ဝန်းကျင် ဖိအားတွေ စိတ်ဖိစီးမှုတွေ များလာတဲ့အခါကျရင် ဆယ်ကျော်သက် မျက်နှာမမြင်ဆိုတဲ့ ရောဂါကြီး စွဲကပ်သွားတယ်တဲ့...။ မှန်ကြည့်ရင် ကိုယ့်မျက်နှာကြီးက ဆင်ဆာဖြတ်ထားသလို အဝါးကြီးပေါ့လေ။ ဒါကလည်း ဒီဇာတ်ကားအတွက် တင်စားနည်းတစ်မျိုးပေါ့လေ။ ဇာတ်လမ်းလေးက ဘယ်လိုလဲဆိုရင်တော့ မာမိယာ အာဆာဟာဆိုတဲ့ကောင်မလေးက ဘတ်စကတ်ဘောကလပ်အသင်းက သူများကိုလည်း အရမ်းကူညီပေးသလို ကိုယ်ကျိုးသိပ်မကြည့်တတ်သူလေး။ ဒါပေမဲ့ ဖြစ်ချင်တော့ လူတွေရဲ့အတင်းအဖျင်းတွေ ဖိအားဘာညာတွေနဲ့ တစ်ရက်ကျ ဒီ မျက်နှာပျောက်သွားတဲ့ရောဂါ ဖြစ်ပါလေရော။ အဲဒီမှာတင် ဒီရောဂါဖြစ်နေတာကို လူသိမှာကြောက်ပြီး စိတ်ဓာတ်တွေကျနေခဲ့တဲ့ အာဆာဟာကို အာဆာဟိန ဆိုတဲ့ အတန်းဖော်ကောင်လေးက ဖေးမကူညီပြီး ဒီရောဂါပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။ အာဆာဟိနလည်း ဘယ်လိုတွေ ကြုံတွေ့ခဲ့ဖူးလဲ သူတို့ကို အားပေးနေတဲ့ ဆေးပေးခန်းက ဆရာမနဲ့အတူ ဒီရောဂါဖြစ်နေတဲ့ ဂျူနီယာကောင်မလေးနဲ့ရော အတူတူ ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကို အထက်တန်းကျောင်းသား ပတ်ဝန်းကျင်ဆိုင်ရာ ဆက်ဆံရေး အသိုင်းအဝိုင်း အခက်အခဲလေးတွေကို သင်ခန်းစာပေးထားတဲ့ ဂျပန်ကားလေး ဖြစ်ပါတယ်..။

ဇာတ်လမ်းအကြောင်း