Betania
Betania (2025) ဘရာဇီးနိုင်ငံ၏ သဘာဝအလှအပများနှင့် ကျေးလက်လူနေမှုဘဝကို ပုံဖော်ထားတဲ့ ရသမြောက် ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘရာဇီးနိုင်ငံရဲ့ ကျေးလက်တောရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်ရင်း ရိုးရှင်းစွာ နေထိုင်လာခဲ့သည့် အသက်ကြီးပိုင်း ဝမ်းစွဲဆရာမကြီး "ဗီတာနီယာ" အကြောင်းကနေ စတင်ထားပါသည်။ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားပြီးနောက် အထီးကျန်ကျန်ရစ်ခဲ့သည့် သူမကို သမီးဖြစ်သူများက မိသားစုအဆွေအမျိုးများ ရှိရာ မွေးရပ်မြေ ကျေးလက်ရွာလေးသို့ ပြန်လည်လာရောက်နေထိုင်ရန် တိုက်တွန်းခဲ့ကြပါတော့သည်။ သူမသည် စိုက်ပျိုးရေးနှင့် ရိုးရှင်းတဲ့ ဘဝဟောင်းကို ကျောခိုင်း၍ ရွာဆီသို့ ရောက်ရှိလာချိန်တွင်တော့... ရှေးဟောင်းရိုးရာ ဓလေ့ထုံးတမ်းများနှင့် ခေတ်သစ် တိုးတက်ပြောင်းလဲမှုများ ရိုက်ခတ်နေသည့် ပတ်ဝန်းကျင်သစ်တစ်ခုကို ရင်ဆိုင်ရပါတယ်။ ဗီတာနီယာဟာ သဘာဝဘေးအန္တရာယ်၊ ရာသီဥတု ပြောင်းလဲမှုများနှင့် ခေတ်ပြိုင်ပြဿနာများကြားတွင် မိသားစုနှောင်ကြိုးကို ပြန်လည်မြှင့်တင်ရင်း... ဘဝ၏ နောက်ဆုံးအရွယ်မှာ မိမိကိုယ်ပိုင် ဖြစ်တည်မှုကို ပြန်လည်ရှာဖွေပုံကို ရိုက်ပြထားပါသည်။
ဇာတ်လမ်းအကြောင်း