Elize: Shadows of a Woman
ဒီ Elize: Shadows of a Woman (၂၀၂၆) ဆိုတာကတော့ ဘရာဇီးနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ သွေးပျက်စရာ လူသတ်မှုကြီးတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Netflix က ထုတ်လွှင့်ပြသနေတဲ့ True Crime ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ စာရေးဆရာ Raphael Montes နဲ့ Mariana Torres တို့က ဇာတ်ညွှန်းရေးသားပေးထားပြီး ဒါရိုက်တာ Felipe Vellas က ရိုက်ကူးပေးထားတာပါ။ ဒီကားလေးက ၂၀၁၂ ခုနှစ်တုန်းက ဘရာဇီးမှာ တစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ Elize Matsunaga ဆိုတဲ့ အမျိုးသမီးက သူ့ရဲ့ သူဌေးယောကျာ်းကို သေနတ်နဲ့ပစ်သတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ဖျောက်ဖျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းဆင်ပြီး ပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ Elize နေရာမှာ မင်းသမီး Lorena Comparato က သရုပ်ဆောင်ထားပြီး သူမရဲ့ ခင်ပွန်းဖြစ်သူ Marcos နေရာမှာတော့ မင်းသား Henrique Kimura က ပါဝင်ထားပါတယ်။ ဇာတ်လမ်းက လူသတ်မှုဖြစ်တဲ့ အချိန်ကနေစပြပြီးမှ အတိတ်ကို ပြန်သွားတဲ့ ပုံစံမျိုးနဲ့ တည်ဆောက်ထားတာပါ။ အရင်က ပြည့်တန်ဆာအဖြစ် အသက်မွေးခဲ့ဖူးတဲ့ Elize ဟာ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင် Marcos နဲ့ အိမ်ထောင်ကျသွားခဲ့ပေမဲ့ သူတို့ရဲ့ အိမ်ထောင်ရေးက ထင်သလို သာယာမနေခဲ့ပါဘူး။ ယောကျာ်းဖြစ်သူရဲ့ ဖောက်ပြန်မှုတွေ၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြားမှာ ပျော်ရွှင်တက်ကြွတဲ့ မိန်းမတစ်ယောက်ကနေ သူမရဲ့ အရိပ်တစ်ခုလိုမျိုး အသက်မဲ့သွားတဲ့အထိ စိတ်ဒဏ်ရာတွေ ရလာခဲ့တယ်။ ဒီဇာတ်ကားက သူမကို သွေးအေးအေးနဲ့ လူသတ်သမားတစ်ယောက်အဖြစ် ပုံဖော်ဖို့ထက်စာရင် အဲဒီလို ဆိုးရွားတဲ့ ပြစ်မှုကို ကျူးလွန်မိတဲ့အထိ တွန်းပို့လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေနဲ့ ပဋိပက္ခတွေကို အဓိကထားပြီး မီးမောင်းထိုးပြသွားတာပါ။ ပိုက်ဆံရှိတဲ့ ယောကျာ်းရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာ သမီးလေးကို ဆုံးရှုံးရမယ့်အရေး ပူပန်လာတဲ့ မိခင်တစ်ယောက်ရဲ့ ကြောက်ရွံ့မှုတွေက သူမကို ဘယ်လိုမျိုး အမှောင်တိုက်ထဲ တွန်းပို့လိုက်လဲဆိုတာကို ရင်တမမနဲ့ ကြည့်ရမှာပါ။ သူမလုပ်ရပ်က အပြစ်ကင်းတယ်လို့ မဆိုလိုပေမဲ့ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဖြစ်ကို ပီပီပြင်ပြင် ရိုက်ကူးပြထားတဲ့ ဇာတ်ကားဖြစ်လို့ True Crime အမျိုးအစားနဲ့ Psychological Drama ကားတွေ ကြိုက်တတ်တဲ့သူတွေ သွားရောက် ကြည့်ရှုသင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။
ဇာတ်လမ်းအကြောင်း