ဇာတ်ကားများ ရွေးရန်

Alone in Venice

2025ဇာတ်ကား84 မိနစ်

Alone In Venice (2025) အထီးကျန် ဗင်းနစ်မြို့ IMDb (5.1/10) ဒီဇာတ်ကားဟာ ဒါရိုက်တာ Jules East ရိုက်ကူးထားပြီး ကမ္ဘာကျော် ဂန္ထဝင်စာပေဖြစ်တဲ့ Death in Venice ကို ခေတ်သစ်ပုံစံနဲ့ ပြောင်းပြန်လှန်ပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ကားသစ်တစ်ကား ဖြစ်ပါတယ်။ အီတလီနိုင်ငံ ဗင်းနစ်မြို့ရဲ့ လှပဆန်းကြယ်တဲ့ ရေပေါ်မြို့ပြအလှတရားတွေနဲ့အတူ အထီးကျန်ဆန်မှု၊ မျှော်လင့်ခြင်းနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆောလ် လာဆင် ဆိုတဲ့ လူငယ် အမေရိကန် သရုပ်ဆောင်တစ်ယောက်ရှိပါတယ်။ သူဟာ အိမ်ထောင်ရှိပြီးသား တရုတ်အမျိုးသမီး ဒါရိုက်တာတစ်ဦးကို အရူးအမူး ချစ်မိနေသူဖြစ်ပြီး သူမနဲ့ တွေ့ဆုံဖို့အတွက် ဗင်းနစ်မြို့မှာ လာရောက်စောင့်ဆိုင်းနေခဲ့ပါတယ်။ဒါပေမဲ့ ဒါရိုက်တာဖြစ်သူဟာ အကြောင်းပြချက်အမျိုးမျိုးပေးပြီး သူ့ကို ရက်ရွှေ့ကာ ဗင်းနစ်မြို့ထဲမှာ တစ်ယောက်တည်း ပစ်ထားခဲ့ပါတယ်။ တစ်ယောက်တည်း အထီးကျန်စွာ စောင့်ဆိုင်းရင်း၊ ဗင်းနစ်မြို့ရဲ့ လမ်းကြားတွေ၊ တူးမြောင်းတွေတစ်လျှောက် လျှောက်သွားရင်းနဲ့ ဆောလ် တစ်ယောက် အချစ်ဆိုတာ တကယ်တော့ ဘာလဲ ဆိုတဲ့ မေးခွန်းကို သူ့ကိုယ်သူ ပြန်မေးရင်း အချစ်နဲ့ ပတ်သက်တဲ့ စိတ်ကူးယဉ်မှုတွေ၊ ဆန္ဒတွေနဲ့ ရုန်းကန်ရပါတော့တယ်။ နောက်ဆုံး နိုဝင်ဘာလ ဗင်းနစ်မြို့မှာ ရေကြီးချိန်ရောက်မှ တူးမြောင်းထက်က တံတားတစ်စင်းပေါ်မှာ သူတို့နှစ်ဦး ပြန်လည်ဆုံတွေ့ပြီး သူတို့ကြားက ပဋိပက္ခတွေကို ရှင်းလင်းဖို့ ကြိုးစားကြတဲ့အခါမှာတော့.....။ File size… 1.2 GB / 753 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration…. 1h 24m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း