ဇာတ်ကားများ ရွေးရန်

The Theft of the Caravaggio

2026ဇာတ်ကားအမှတ် 5.2/1090 မိနစ်

The Theft of the Caravaggio (2026) ဒီကားဟာ မော်လ်တာ (Malta) နိုင်ငံရဲ့ ၁၉၈၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အနုပညာပစ္စည်းခိုးယူမှုဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Crime / Mystery / Drama အမျိုးအစား Indie ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ မော်လ်တာနိုင်ငံ၊ ဗယ်လက်တာမြို့မှာရှိတဲ့ ရှေးဟောင်း ဘုရားကျောင်းကြီးမှာ Orpheus ဆိုတဲ့ သက်ကြီးပိုင်း စောင့်ရှောက်သူတစ်ယောက် ရှိပါတယ်။ တစ်မနက်မှာတော့ သူ တာဝန်ယူစောင့်ရှောက်ထားရတဲ့ ကမ္ဘာကျော်ပန်းချီဆရာ Caravaggio ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မူရင်းပန်းချီကားကြီးဟာ ဘုရားကျောင်းနံရံပေါ်ကနေ ပျောက်ဆုံးသွားခဲ့တာကို သိလိုက်ရပါတယ်။ ဒီအမှုကြောင့် တစ်မြို့လုံး ရိုက်ခတ်သွားပြီး အမေရိကန်က စုံထောက်တစ်ယောက်ပါ ရောက်လာကာ ဒေသခံရဲတွေနဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ စတင်ပါတော့တယ်။ ဒါပေမဲ့ ခိုးယူသွားပုံက သဲလွန်စ မကျန်လောက်အောင် သန့်ရှင်းလွန်းနေတာကြောင့် ဘုရားကျောင်းရဲ့ တစ်ဦးတည်းသော ညစောင့်ဖြစ်သူ Orpheus ဟာ အဓိကသက်သေရော၊ အဓိကသံသယရှိသူပါ ဖြစ်လာခဲ့ပါတယ်။ ပန်းချီကားပျောက်ဆုံးမှုကို လိုက်စုံစမ်းရင်း Orpheus တစ်ယောက် နှစ်ပေါင်းများစွာ မြှုပ်နှံဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့ အတိတ်က လျှို့ဝှက်ချက်တွေ၊ အပြစ်ရှိစိတ်တွေနဲ့ မိသားစုပြဿနာတွေပါ တစ်စတစ်စ ပေါ်ထွက်လာပါတော့တယ်။ ဒီကားက Ocean's Eleven လိုမျိုး မြိုင်မြိုင်ဆိုင်ဆိုင် အက်ရှင်ဆန်ဆန် ခိုးယူတဲ့ပုံစံမဟုတ်ဘဲ စိတ်လှုပ်ရှားဖွယ် Mystery နဲ့ လူတစ်ယောက်ရဲ့ အတိတ်ဇာတ်ကြောင်းကို အေးအေးဆေးဆေး ဖော်ထုတ်ပြသထားတဲ့ Slow-burn Drama ကားမျိုးပါ။ 35mm ဖလင်နဲ့ ရိုက်ကူးထားတာကြောင့် မော်လ်တာမြို့ရဲ့ ရှေးဟောင်း အနုပညာအငွေ့အသက်တွေနဲ့ ရှုခင်းအလှတွေကိုပါ အနုပညာဆန်ဆန် ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ File Size - 1.3 GB/ 326 MB Quality - WEB-DL 1080p/ 720p Duration - 1h 30m Format - mp4 Genre - Crime, Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း