ဇာတ်ကားများ ရွေးရန်

Master Gardener

2023ဇာတ်ကားအမှတ် 6.2/10111 မိနစ်

ဂရေ့စ်ဝုဒ်ဥယျာဉ်ကြီးမှာ အလုပ်လုပ်နေတဲ့ ဥယျာဉ်မှူးတစ်ယောက်ဟာ လူတွေနဲ့ သိပ်မရောနှောဘဲ ကိုယ့်အတွေးနဲ့ကိုယ် နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်။ လက်ရှိမှာ သာမန်ဥယျာဉ်မှူးတစ်ယောက်လို နေနေပေမယ့် သူ့မှာ အတိတ်က စိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေနဲ့ နောင်တတွေ ကျန်နေသေးတယ်။ တစ်နေ့မှာတော့ ဥယျာဉ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာက အလုပ်သင်အဖြစ် ရောက်လာပါတယ်။ မာယာနဲ့အတူ ပြဿနာတွေပါ ပါလာတဲ့အခါ ဒီဥယျာဉ်မှူး ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ်။ ဂျိုဝယ်အက်ဂျာတန် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကောင်ရဲ့ နေ့စဉ်ဘဝထဲမှာ ပန်းစိုက်ပျိုးတာနဲ့ ပန်းတွေအကြောင်း ဂျာနယ်မှာ ရေးမှတ်တာတွေ ရှိပါတယ်။ သူရေးထားတဲ့ ပန်းအကြောင်းတွေကို နားထောင်ရသလို ဥယျာဉ်ထဲက ပန်းပင်တွေနဲ့ ပန်းစိုက်နေတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရတယ်။ အတိတ်ရဲ့ဒဏ်ရာတွေ ပါဝင်နေတဲ့ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းကြားမှာ ပန်းတွေရဲ့အလှကို တွဲဖက်ရိုက်ပြထားတာပါ။ ဒီဇာတ်ကားကို ရိုက်ကူးသူက Taxi Driver ရဲ့ ဇာတ်ညွှန်းရေးဆရာ Paul Schrader ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ မအပ်စပ်သလို နေထိုင်ရင်း ကိုယ့်အတွေးတွေထဲမှာပဲ လည်ပတ်နေတဲ့ အထီးကျန်ဇာတ်ကောင်မျိုးကို အခြေခံထားတာက Taxi Driver ထဲက “God's Lonely Man” ဆိုတဲ့ အယူအဆနဲ့ ဆင်တူပါတယ်။ Paul Schrader ဟာ Mishima၊ Blue Collar နဲ့ First Reformed တို့ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူပါ။ ၂၀၂၂ ခုနှစ်ထွက် ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။ Alien ရုပ်ရှင်တွဲတွေထဲက မင်းသမီး ဆစ်ဂေါနီးဝီဗာက ဒီဇာတ်ကားနဲ့ ပေါ်တူဂီ CinEuphoria ရုပ်ရှင်ဆုရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။

ဇာတ်လမ်းအကြောင်း