ဇာတ်ကားများ ရွေးရန်

Hold me tighter than anyone else

2025ဇာတ်ကားအမှတ် 4.0/10124 မိနစ်

ကလေးစာအုပ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆူကီနာဆိုတဲ့ကောင်မလေးနဲ့ ယောရှိဆိုတဲ့ကောင်လေးဟာ ငယ်စဉ်ဆယ်ကျော်သက်လောက် ဘဝကတည်းက ချစ်သူရည်းစား ဖြစ်ခဲ့ကြသူလေးတွေပါ။ ဒါပေမဲ့ တွဲလာရင်းကြာလာတော့ အထူးအဆန်း ပြဿနာတက်ပါတော့တယ်။ ဘာလဲဆိုတော့ကား ယောရှိက သန့်ရှင်းတာကို အလွန်အကဲစွဲလမ်းတဲ့ရောဂါဖြစ်လာပြီး ချစ်သူကောင်မလေး ဆူကီကိုတောင် ဖက်တာ လက်ကိုင်တာမျိုး လုပ်မရတော့ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် သာမန်လိုပဲ စကားပြောနေထိုင် ဖြတ်သန်းနေရတာပေါ့။ အဲဒီမှာတင် ပြိုလုဆဲမိုးကောင်ကင် ရွာချဖို့ ဖြစ်လာပါတော့တယ်။ ဆူကီဟာ စာအုပ်ဆိုင်မှာ ဖုန်းကျန်ခဲ့တဲ့ ကိုရီးယား စားဖိုမှူးချောချောလေးတစ်ယောက်နဲ့ ဆုံစည်းခဲ့ရပြီး ဟိုကလည်း သူ့ကို စိတ်ဝင်စားနေတဲ့လူ ဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ယောရှိဟာ သူ့ရောဂါအတွက် ဆေးခန်းသွားပြရာကနေ သူနဲ့ ရောဂါအခြေအနေချင်း တူညီနေတဲ့ ချီဟာရုဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြန်ပါရော။ ဒီတော့ ရောဂါအခြေအနေကြောင့်ဆိုပြီး ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ ချစ်သူနှစ်ဦးကြား ဒီလို မုန်တိုင်းလေပြေလေးတွေ ဝင်ရောက်လာတဲ့အခါ ရှေ့ဆက်ဘာတွေကြုံဆုံရမလဲဆိုတာတော့....။

ဇာတ်လမ်းအကြောင်း