ဇာတ်ကားများ ရွေးရန်

Masters of the Universe

1987ဇာတ်ကားအမှတ် 5.8/10106 မိနစ်

ဒီဇာတ်ကားလေးကတော့ Star Wars နဲ့ Power Ranger ကို ပေါင်းထားသလို ခံစားရပြီး ၉၀ ရာစုက တီးလုံးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တိုက်ပွဲတွေကို ပြိုးပြိုးပျက်ပျက် ကြည့်ရမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ စကဲလက်တာဆိုတဲ့ ဗီလိန်ဟာ စကြာဝဠာခရီးသွားစက်ကို သိပ္ပံပညာရှင်တစ်ယောက်ဆီကနေ ရရှိလာခဲ့ပြီး စကြာဝဠာရဲ့ မှော်ဆရာမကို ဖမ်းဆီးထားပြီးတော့ လပြည့်တာနဲ့ မှော်ဆရာမရဲ့ အစွမ်းတွေကို စုပ်ယူကာ စကြာဝဠာအရှင်သခင် ဖြစ်လာဖို့ ကြံစည်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ အီတာနေယံ သူရဲကောင်းတွေဖြစ်တဲ့ ဟီးမန်းနဲ့ သူ့အပေါင်းအပါတို့ဟာ မှော်ဆရာမကို ကယ်တင်ဖို့ ခရီးနှင်လာခဲ့ရာကနေ အကြောင်းတစ်ခုကြောင့် ကမ္ဘာမြေကို ရောက်လာခဲ့ပါတယ်။ ဒီတော့ အီတာနေယံသူရဲကောင်းတို့ မှော်ဆရာမကို စကဲလက်တာရဲ့လက်ထဲကနေ ဘယ်လိုကယ်တင်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း