ဇာတ်ကားများ ရွေးရန်

A Force of One

1979ဇာတ်ကားအမှတ် 4.9/1090 မိနစ်

ဒီကားမှာတော့ ကွီးချက်က ကာရာတေးဆရာကြီးပါ။ ကယ်လီဖိုးနီးယားက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတစ်ခုကို စုံစမ်းနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ကြံခံလာရပါတယ်။ လူသတ်သမားက သာမန်လူမဟုတ်ဘဲ ကိုယ်ခံပညာကို အဆင့်မြင့်မြင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ... ရဲတပ်ဖွဲ့က ကစ်ဘောက်ဆင် ချန်ပီယံ ကွီးချက်ကို အကူအညီတောင်းရပါတော့တယ်။ ကွီးချက် တစ်ယောက် ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ခံပညာနဲ့ ခုခံကာကွယ်နည်းတွေ သင်ပေးရင်း၊ တစ်ဖက်မှာလည်း မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ ဒီသွေးအေးလူသတ်သမားကို သူကိုယ်တိုင် ဘယ်လို ထိပ်တိုက်ရင်ဆိုင် နှိမ်နင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Karate Kid လိုမျိုး ကွီးချက်အတွက်ကတော့ Karate Adult ကားပေါ့။ တဖက်ကလည်း ကာရာတေးဆရာကြီးတယောက်က လူဆိုးဆိုတော့ ကွီးချက်တို့ အသေတီးထုတ်ပေးပါတော့တယ်။ ဒီကားရဲ့ အဓိကဆွဲဆောင်မှုကတော့ ကွီးချက် ရဲ့ သဘာဝကျကျ သိုင်းကွက်တွေနဲ့ ကြည့်ကောင်းလှတဲ့ အက်ရှင်အခန်းတွေပါပဲ။ CGI အထူးပြုလုပ်ချက်တွေ မပါဝင်ဘဲ လူကိုယ်တိုင် အစစ်အမှန် တိုက်ခိုက်ကြတဲ့ ရိုက်ကူးမှုတွေက အခုခေတ်ကားတွေနဲ့မတူတဲ့ ရသတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ နည်းပညာတွေ မတိုးတက်ခင်က အစစ်အမှန် ကိုယ်ခံပညာ အက်ရှင်ကားဟောင်းတွေကို လွမ်းဆွတ်နေတဲ့ သူတွေအတွက်ရော ကွီးချက် ရဲ့ ငယ်ရုပ်နဲ့ သူ့ရဲ့ နာမည်ကြီး Kickboxing စတိုင်တွေကို ပြန်လည်ခံစားချင်သူတွေအတွက်ပါ A Force of One (1979) က သေချာပေါက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File size…    3.32 GB / 1.5 GB Quality…Blu - Ray 1080p / 720p Format… mp4 Duration…. 1h 30m Genre .....Action, Adventure Subtitle…. Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း