Flaming Brothers
မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ အာလန် နဲ့ ထျန်း ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ဟာ ငယ်ဘဝကတည်းက ဒုက္ခဆင်းရဲတွေကို အတူရင်ဆိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ ကြီးလာတဲ့အခါမှာတော့ မရင်းနှီးတဲ့ မကာအို မာဖီးယားလောကရဲ့ ထိပ်တန်းနေရာတစ်ခုကို ရောက်ရှိလာခဲ့ကြပါတယ်။ လူတွေက အခြေအနေအမျိုးမျိုးကြောင့် ဘဝလမ်းကြောင်းတွေ ကွဲပြားသွားတတ်ကြပါတယ်။ တစ်ဖက်မှာ ကိုယ့်ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်သူရှိသလို၊ တစ်ဖက်မှာတော့ အန္တရာယ်များတဲ့ ရာဇဝတ်လောကထဲ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသူရှိပါတယ်။ တနေ့မှာတော့ ထျန်းက သူငယ်ငယ်တုန်းက ငတ်ပြတ်နေတုန်း စားစရာတွေပေးခဲ့ဖူးတဲ့ "ခါဟေး" ဆိုတဲ့ မိန်းကလေးနဲ့ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ခဲ့ပါတယ်။ အချစ်အတွက်ကြောင့်နဲ့ ထျန်းက မာဖီးယားလောကကို စွန့်လွှတ်ဖို့ဖြစ်လာတဲ့အခါမှာတော့ ညီအစ်ကိုတိုနှစ်ယောက်ရဲ့ ဆက်ဆံရေး၊ သစ္စာရှိမှုနဲ့ အာဏာအတွက် ပြိုင်ဆိုင်မှုတွေကြားမှာ ပြဿနာတွေ တဖြည်းဖြည်း ပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ သူတိုနှစ်ယောက်ကြားကို ချစ်ခြင်းမေတ္တာတွေ အတိတ်က သံယောဇဉ်တွေနဲ့ မာဖီးယားဂိုဏ်းကြီးတွေကြားက လုပ်ပိုင်ခွင့်အာဏာ လုပွဲတွေ ဝင်ရောက်လာတဲ့အခါမှာတော့...... ညီအစ်ကို သံယောဇဉ်ကို ပေးဆပ်မှုတွေ၊ စွန့်လွှတ်မှုတွေနဲ့ သက်သေပြကြရမယ့် ပဋိပက္ခဆိုးကြီးတွေ စတင်လာပါတော့တယ်။ ဟောင်ကောင် Heroic Bloodshed (အက်ရှင်-ဒရာမာ) အမျိုးအစားကို ကြိုက်နှစ်သက်သူတွေ မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း