Sarasin Bridge of Love 2216
2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Sarasin Bridge of Love 2216”ဆိုတဲ့ဇာတ်ကားဟာ ၁၉၇၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာအချစ်ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု၊ လူမှုအသိုင်းအဝိုင်းခွဲခြားဆက်ဆံခံရမှုတွေနဲ့အတူ မိဘတွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် အချစ်ရေးမှာ လမ်းပျောက်ခဲ့ရတဲ့ ချစ်သူနှစ်ဦးရဲ့အဖြစ်အပျက်ဟာ ထိုင်းလူမျိုးတွေကြား မေ့မရနိုင်တဲ့ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဒီနေ့အထိ ကျန်ရှိနေဆဲဖြစ်ပါတယ် "ဒမ်" ဆိုတဲ့ကောင်လေးကတော့ ကားမောင်း ရော်ဘာခြစ်အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဆင်းရဲသားတစ်ယောက်ပါ "အူးလ်"ဆိုတဲ့ ကောင်မလေးကတော့ ပညာရေးကောလိပ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး စည်းကမ်းတင်းကျပ်တဲ့ အဖေ့ရဲ့ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာခဲ့ရသူလေးပါ။ မတူညီတဲ့ လူမှုအဆင့်အတန်းနဲ့ မိသားစုနောက်ခံရှိပေမယ့် သူတို့နှစ်ယောက် တွေ့ဆုံခဲ့ကြပြီး ချစ်မိခဲ့ကြပါတယ်။ သူတိုနှစ်ဦးရဲ့အချစ်ရေးဟာ အဆင့်အတန်းကွာခြားမှုကြောင့် မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ အပြင်းအထန် တားဆီးပိတ်ပင်မှုတွေ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကောင်မလေးရဲ့ အဖေက သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကိုဂရုမစိုက်ဘဲ ချမ်းသာပြီး သင့်တော်တဲ့သူနဲ့အိမ်ထောင်ချပေးဖို့ စီစဉ်လာတဲ့အခါမှာတော့... ရင်ထဲမှာ တစ်မြေ့မြေ့နဲ့ ကျန်ခဲ့ချင်ရင်တော့ Sarasin Bridge က ရွေးချယ်စရာ Romance / Drama / Tragedy ဇာတ်ကားပဲ ဖြစ်ပါတယ် ဖြစ်ရပ်မှန်ပေါ်အခြေခံထားတာမို့ ပိုပြီးခံစားရစေမှာပဲဖြစ်ပါတော့တယ်။
ဇာတ်လမ်းအကြောင်း