ဇာတ်ကားများ ရွေးရန်

Chinna Chinna Aasai

2026ဇာတ်ကား136 မိနစ်

Chinna Chinna Aasai (2026) ဘ၀ရဲ့ ရိုးရှင်းသော ဆန္ဒလေးများ IMDb (7.7/10) ဖိုက်တင်ကားတွေပဲကြည့်နေရတာ ရိုးအီလာပြီး စိတ်ကို အပန်းပြေစေမယ့် အိန္ဒိယ ရုပ်ရှင်ကောင်းတစ်ကား ရှာနေသူများအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားက၂၀၂၆ ခုနှစ် ထွက်ရှိထားတဲ့ ဒါရိုက်တာ Varsha Vasudev ရဲ့ ပထမဆုံး ရုပ်ရှင်ကားဖြစ်ပြီး အိန္ဒိယရဲ့ ဝါရင့်သရုပ်ဆောင် Indrans နဲ့ မင်းသမီးကြီး Madhoo (Roja မင်းသမီး) တို့ ခေါင်းဆောင်ပါဝင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းက ရှေးဟောင်းဘာသာရေး မြို့တော်ကြီးဖြစ်တဲ့ ဗာရာဏသီ မှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ လီလာဆိုတဲ့ မုဆိုးမအမျိုးသမီးတစ်ယောက်ဟာ တန်ဂျာဗူရ် ကနေ ဘုရားဖူးအဖွဲ့နဲ့အတူ ဗာရာဏသီကို ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ မတော်တဆ အဖွဲ့နဲ့ လူကွဲသွားပြီး ပိုက်ဆံအိတ်နဲ့ ဖုန်းပါ ခိုးယူခံလိုက်ရတဲ့အခါ မြို့သစ်မြေသစ်မှာ အားကိုးရာမဲ့ အထီးကျန်ဖြစ်သွားရတော့တာပေါ့။ အဲဒီအချိန်မှာပဲ မြို့မှာ ခေတ္တခဏ လာရောက်နေတဲ့ မာဒါဗန် ဆိုတဲ့ မလေးရာလီ ကျောင်းဆရာဟောင်း၊ သမီးတစ်ယောက်ရဲ့ အဖေနဲ့ ဆုံတွေ့ခဲ့ပါတယ်။ စိတ်သဘောထား နွေးထွေးပြီး အမြဲပြုံးရွှင်နေတတ်တဲ့ မာဒါဗန် ဟာ ကူညီဖို့ လက်ကမ်းပေးလိုက်တဲ့အခါ ဘာသာစကား မတူကြတဲ့ တမီးလ် နဲ့ မလေးရာလမ် လူစိမ်း နှစ်ယောက်ကြား ထူးခြားတဲ့ သံယောဇဉ်၊ နားလည်မှုနဲ့ ရင်းနှီးမှုတစ်ခု စတင် ပွင့်လန်းလာပါတော့တယ်.....။ File size… 2.4 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 6min Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း