She's The One
ကတ်ဟာ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်း ဝါကီကို သဘောကျနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် နှစ်ယောက်ကြား စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ်အပျက်တစ်ခု ကြုံပြီးတဲ့နောက်မှာတော့ ဝါကီ့အပေါ်ထားတဲ့စိတ်ကို ဖြတ်ပြီး ရှေ့ဆက်ခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူ ဝါကီကတော့ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် တွဲတတ်သူပါ။ အသက်သုံးဆယ်လောက်အထိ အတည်တကျချစ်သူမရှိသေးပေမယ့် တွဲခဲ့ဖူးတဲ့သူအရေအတွက်က အသက်ထက်တောင် များနေတယ်။ ကတ်ကိုတော့ အားကိုးတတ်ပြီး သူ့ကိစ္စအတော်များများကို ကတ်က နောက်ကနေ လိုက်ရှင်းပေးနေရလေ့ရှိပါတယ်။ တစ်နေ့မှာ ကတ်က မိုးရွာထဲ ကားပျက်လို့ ကိုယ်တိုင်ပြင်နေတုန်း ဒေးဗစ်ဆိုတဲ့ ကောင်လေးတစ်ယောက် ကူညီဖို့ ရောက်လာတယ်။ ကတ်က အကူအညီကို ငြင်းလိုက်ပေမယ့် ဒေးဗစ်ကတော့ မိုးရေထဲမှာ ကားပြင်နေတဲ့ သူ့ထက်အသက်ကြီးသူ ကတ်ကို သဘောကျသွားပါတယ်။ သူရိုက်ထားတဲ့ ကတ်ရဲ့ဗီဒီယိုကို အွန်လိုင်းပေါ်တင်လိုက်တော့ ကြည့်ရှုသူ သန်းချီသွားတယ်။ ဝါကီတို့အစီအစဉ်ကလည်း ဒေးဗစ်ကို ခေါ်ရိုက်ပြီး ကတ်နဲ့ တွေ့ပေးဖို့ ဝါကီ့ကို စီစဉ်ခိုင်းပါတော့တယ်။ ဒေးဗစ်က ကတ်ကို ချစ်မိပြီး လိုက်နေချိန်မှာ ဝါကီ့ရဲ့ ခံစားချက်အစစ်တွေလည်း ထွက်ပေါ်လာတယ်။ Dingdong Dantes၊ Enrique Gil နဲ့ Bea Alonzo တို့ ပါဝင်ထားတဲ့ ဖိလစ်ပိုင်အချစ်ဇာတ်ကားဖြစ်ပြီး တစ်ဖက်သတ်အချစ်ကနေ သုံးပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အကြောင်းကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း