ဇာတ်ကားများ ရွေးရန်

Fighter in the Wind

2004ဇာတ်ကားအမှတ် 7.1/10121 မိနစ်

Fighter in the Wind (2004) ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ဇာတ်လမ်းတွေကို သဘောကျတတ်တဲ့ ပရိသတ်ကြီးတို့အတွက် .. ကိုရီးယားလူမျိုး ကိုယ်ခံပညာရှင် Choi Bae Dal ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတဲ့ အက်ရှင်ဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Squid Game မင်းသားဖြစ်တဲ့ နာမည်ကြီး အဆိုတော် Yang Dong-geun က Choi Bae Dal အဖြစ် အဓိကပါဝင်ထားပြီး ကိုရီးယားသရုပ်ဆောင်နဲ့ ဂျပန်သရုပ်ဆောင်များစွာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ Choi Bae Dal ဟာ လေယာဉ်မှုးဖြစ်ချင်တဲ့အိပ်မက်ကြောင့် ဂျပန်နိုင်ငံကို ခိုးဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်စစ်တပ်ဟာ ကိုရီးယားလူမျိုးတွေအပေါ် ခွဲခြားဆက်ခံခဲ့ပြီး စစ်သားအဖြစ် အတင်းအဓမ္မဖမ်းဆီးမှုကြောင့် သူ့ရဲ့လေယာဉ်မှူးအိပ်မက်ဟာ ပျက်စီးခဲ့ရတယ်။ စစ်ကြီးပြီးသွားတော့လည်း ဂျပန်နိုင်ငံမှာ ကိုရီးယားလူမျိုးတွေ ရပ်တည်ဖို့အတွက် ခက်ခဲပြီးတော့ ယာကူဇာဂိုဏ်းတွေရဲ့ဖိနှိပ်မှုကိုလည်း ခံရပါသေးတယ်။ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးတွေနဲ့ ကိုယ်ချစ်ရသူတွေကို ကာကွယ်ဖို့အတွက် Bae Dal ဟာ ကိုယ်ခံပညာကို အပြင်းအထန် လေ့ကျင့်ခဲ့ပြီးတဲ့နောက် .. ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုတွေကို ဖြတ်ကျော်ပြီး မိမိရဲ့ စွမ်းရည်နဲ့ ကမ္ဘာကို တုန်လှုပ်စေခဲ့တဲ့ ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။ File size…1.85GB / 854MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Historical, Romance, Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း