The Currents (Aka) Las corrientes
Las corrientes (2025) အရမ်းနာမည်ကြီးပြီးတော့ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဖြစ်သူ Lina က သူမရဲ့ လက်ရာအတွက် Switzerland မှာ ဆုကြီးတစ်ခု လက်ခံဖို့ သွားခဲ့ပါတယ်။ အပြင်ပန်းမှာတော့ အရာအားလုံး ပြီးပြည့်စုံနေတဲ့ပုံပေါ်နေတဲ့ Lina က တကယ်တော့ ရင်ထဲမှာ လစ်ဟာနေတဲ့သူတစ်ယောက်ပါ။ သူမ ဆုရပြီးတဲ့နောက်မှာပဲ သန့်စင်ခန်းကိုသွားပြီး ဆုကို အမှိက်ပုံးထဲ လွှင့်ပစ်ခဲ့ပါတယ်။ ပြီးတော့ တံတားဆီကိုသွားပြီး အေးခဲနေတဲ့ရေထဲ ခုန်ချခဲ့ပေမဲ့ ရဲတွေရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်ခဲ့ပါတယ်။ Lina သူ့မိသားစုရှိတဲ့ Argentina ဆီကို ပြန်သွားပြီးနောက်မှာတော့ သူမရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး။ သူမရဲ့ ခင်ပွန်းဖြစ်သူ Pedro နဲ့ ငါးနှစ်သမီးလေး Sofía နဲ့အတူ ပုံမှန် ဘာမှမဖြစ်တဲ့အတိုင်း ဟန်ဆောင်နေပေမဲ့ Lina ရဲ့ ပုံစံကတော့ လုံးဝပြောင်းလဲသွားတာပါ။ သူမရဲ့ မိသားစုနဲ့ ခံစားချက်ဝေးကွာနေပြီးတော့ သူခင်ပွန်းနဲ့ သမီးလေး ပြောသမျှအရာအားလုံးက သူ့ကို စိတ်ဖိစီးစေခဲ့ပါတယ်။ ပြီးတော့ ရေနစ်လုနီးပါးဖြစ်ခဲ့တာကြောင့် hydrophobia လို့ခေါ်တဲ့ ရေအရမ်းကြောက်တဲ့ ရောဂါကြီးလည်း ပေါ်လာပါတယ်။ ဒီဇာတ်လမ်းထဲမှာ Lina သူ့ကိုယ်သူ ဘာကြောင့် အဆုံးစီရင်ချင်တာလဲဆိုတာအပေါ် ရိုးရှင်းတဲ့အဖြေတစ်ခု မပေးထားပါဘူး။ အဲဒီအစား သူမ ခံစားရတဲ့ နက်ရှိင်းတဲ့ ဝမ်းနည်းမှုတွေ၊ အရင်က အမှတ်တရတွေနဲ့ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အဖြစ် ဟန်ဆောင်ရတဲ့ ဖိအားတွေကို သူမရဲ့စိတ်အတွင်းပိုင်းမှာ တစ်ယောက်တည်း ဘယ်လိုရင်ဆိုင် တိုက်ပွဲဝင်နေရလဲဆိုတာကို ရိုက်ပြထားတဲ့ psychological drama တစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.7 GB) / (890 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း