Backdraft
"ဘရိုင်ယန်" ဆိုတဲ့ လူငယ်လေးဟာ သူ့အဖေ မီးဘေးထဲ ကွယ်လွန်သွားခဲ့တာကို မြင်တွေ့ခဲ့ရသူပါ။ ဒီလိုနဲ့ အဖေဖြစ်သူရဲ့ ခြေရာကိုနင်းပြီး မီးသတ်သမားတစ်ယောက် ဖြစ်လာဖို့ သင်တန်းကျောင်းကနေ အောင်မြင်စွာ ကျောင်းဆင်းလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ဘရိုင်ယန်ဟာ မြို့ထဲမှာ အကြမ်းဆုံးနဲ့ သတ္တိအရှိဆုံးလို့ နာမည်ကြီးတဲ့ စခန်းအမှတ် ၁၇ ကို တာဝန်ကျခဲ့ပြီး အဲဒီစခန်းရဲ့ ဗိုလ်ကြီးဖြစ်သူ သူ့ရဲ့ အစ်ကိုအရင်း "စတီဖင် " နဲ့ ပြန်လည်ဆုံတွေ့ကာ စိတ်ဝမ်းကွဲမှုတွေကြားက အတူတူ လက်တွဲလုပ်ကိုင်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မြို့ထဲမှာ ထူးဆန်းပြီး လျှို့ဝှက်ဆန်းပြားတဲ့ "ဘက်ဒရက်ဖ် " မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ဒါဟာ သာမန်မီးလောင်မှုမဟုတ်ဘဲ ကွက်တိစီစဉ်ထားတဲ့ ရှို့မီးဖြစ်ကြောင်း စစ်ဆေးရေးမှူး "ဒွန် ရင်မ်ဂေးလ်" နဲ့အတူ ဘရိုင်ယန်တစ်ယောက် လိုက်လံစုံစမ်းရပါတော့တယ်။ မပြေလည်မှုတွေကို ကျော်လွှားပြီး ကြောက်မက်ဖွယ် မီးငရဲရဲ့ အန္တရာယ်ကြားကနေ တရားခံအစစ်အမှန်ကို ဖော်ထုတ်နိုင်မလား ဆိုတာကိုတော့.........
ဇာတ်လမ်းအကြောင်း