ဇာတ်ကားများ ရွေးရန်

Tragic Villain

2026ဇာတ်ကားအမှတ် 5.9/1090 မိနစ်

Tragic Villain (2026) IMDb Rating (5.9) မာရီယာနဲ့အေဗရီတို့ဟာ မွေးကင်းစ သမီးငယ်လေးကို လတ်တလော ဆုံးရှုံးလိုက်ရပြီး နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ရုန်းကန်နေရပါတယ်။ တစ်ချိန်ကတက်ကြွ ပျော်ရွှင်နေတတ်တဲ့ မာရီယာဟာ အခုချိန်မှာအမြဲတမ်းနူတ်ဆိတ်နေတတ်ပြီး ပြန်နာလန်ထူလာဖို့မဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့ အခြေအနေအထိ ဆုတ်ယုတ်သွားခဲ့ပါတယ်။ ငွေကြေးပြည့်စုံသူတွေဖြစ်တဲ့အတွက် အေဗရီဟာ ဇနီးသည်ကျန်းမာရေးအတွက် နည်းလမ်းမျိုးစုံလိုက်ရှာခဲ့ပေမယ့်ထူးခြားမှုမရှိခဲ့ပါဘူး။ တစ်ချိန်မှာတော့ သူအလုပ်ပြန်ဝင်ဖို့လိုအပ်လာတဲ့အတွက် ဇနီးသည်ကို အနီးကပ်ပြုစုဖို့အချိန်ပြည့် သူနာပြုတစ်ယောက်ကို ငှားရမ်းခဲ့ပြီး ဇနီးသည်ကိုစိတ်ပိုင်းဆိုင်ရာ ကုစားဖို့အတွက်တော့ Grieving Doll လို့ခေါ်တဲ့အရုပ်တစ်ရုပ်ကို အများစုကန့်ကွက်နေတဲ့ကြားက မှာယူလိုက်မိချိန်မှာတော့ သူတို့အိမ်တွင်းရေးအခြေအနေတွေဟာစတင်ပြောင်းလဲလာခဲ့ပါတော့တယ်။ သူတို့ရဲ့ပြောင်းလဲခြင်းဟာ အကောင်းဘက်ကိုဦးတည်မှာလား? Grieving Doll ဆိုတဲ့အရုပ်ကရော ကြေငြာထားသလိုတကယ်အစွမ်းထက်ရဲ့လား? ဇနီးသည်ကို ပြုစုဖို့ရောက်လာတဲ့ သူနာပြုကာလာကရော ဒီအပြောင်းအလဲတွေမှာ ဘယ်နေရာကပါဝင်လာမလဲ ဆက်လက်ရှုစားကြပါ။ File size… (1.1 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:33:10 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း